နေပြည်တော်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တပ်ကုန်းမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ပါတီကော်မတီဝင် များနှင့် တွေ့ဆုံပွဲကို တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၃၀) ရက် နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံ ဦးဖေအံ့မောင်၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဇော်မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးနှင့် စုစုပေါင်းအင်အား ၆ဝ ခန့် တက် ရောက်ခဲ့သည်။

ပြည်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ပြည်ခိုင်ဖြိုးပါတီ ပါဝင်လောင်းလှူ

ပြည်တောင်တန်းတောရကျောင်းများ ဆန်လှူအသင်းကြီး၏ (၃၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲအား အောက်တိုဘာ (၁) ရက်နေ့က ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးအောင်၊ စီမံနှင့်ခရိုင်ဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ကော်မတီ ဝင်များနှင့် ပါတီဝင် (၇၃) ဦးတို့ ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လှူဒါန်းကြသည်။

မင်္ဂလာတောင်ညွန့်ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဦးဇော်ဝင်း အောင်နှင့်နယ်မြေတာဝန်ခံများသည် ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်နှင့် ရပ်ကွက်အမာခံပါတီဝင်များထံ ကွင်းဆင်း တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၂၉ ရက် ညနေ ၅ နာရီခွဲက ထီးတန်းရပ်ကွက် အမာခံပါတီဝင်များအား မဟာဒုက် ဓမ္မာရုံတွင်တွေ့ဆုံကာ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီကော်မတီဝင်များ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃ဝရက်က ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပါတီဝင်များအားလုံး အရည် အချင်းပြည့်ဝအောင် ကြိုးစားကြရန်၊ မိမိတို့ပါတီဝင်အင်အား ပိုမို ခိုင်မာအောင်လုပ်ကြရန်၊ ပါတီ ဝင်အားလည်း တစ်သားတည်းဖြစ် နေရန်လိုအပ်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကျိုင်းလပ်ဝေဿန္တရာအလှူပွဲသို့ တက်ရောက်ပါဝင်လှူါးန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်၊ ရပ်ကွက်(၃)၀မ်ကျင်း ၀မ်မိုင်ကျောင်းထိုင် ဆရာတော်နှင့် ဂေါပကအဖွဲ့တို့၏ ဖိတ်ကြားမှုဖြင့် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးအောင်ထန်နှင့် ပါတီလူငယ် အဖွဲ့တို့သည် စက်တင်ဘာု (၃၀) ရက်နေ့က ၀မ်မိုင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ဝေဿန္တရာ အလှူပွဲသို့ တတ်ရောက်ခဲ့သည်။

မြန်မာနှင့်ကိုလံဘီယာ သံတမန်နှင့် အထူးပတ်စ်ပို့ ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး

မြန်မာနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံတို့အကြား သံတမန်နှင့်အထူးပတ်စ်ပို့ ကိုင်ဆောင်ထားသူများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်လက်မှတ် ရေးထိုး ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ (more…)


သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဟိုတယ်နှင့် Service Apartment Project လုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တင်ဒါခေါ်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၈- သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဟိုတယ်နှင့် Service Apartment Project လုပ်ကိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသော ပြည်တွင်း၊ ပြည်ပလုပ် ငန်းရှင်များအား Thilawa Property Development Limited (TPD) က ဖိတ်ခေါ်ထားကြောင်း သိရသည်။ (more…)


ဇီကာဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်များ ခရီးမသွားသင့်သည့် နိုင်ငံများစာရင်းတွင် မြန်မာပါဝင်နေ

လတ်တစ်လောတွင် ဇီကာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ခရီးမသွားသင့်သည့် အရှေ့တောင်အာရှနိုင်ငံများစာရင်းကို အမေရိကန်က ထုတ်ပြန်လိုက်ရာတွင် မြန်မာနိုင်ငံလည်း ပါဝင်နေ လျက်ရှိသည်။ (more…)


အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို စတင်ဖွဲ့စည်း

အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ (more…)


အာဆီယံပါလီမန်များညီလာခံကို မြန်မာက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပ

၃၇ ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံကို ဒီကနေ့မနက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျှက် ရှိသည်။ (more…)