ထိုင်းဘုရင် ဘူမိဘောနတ်ရွာစံခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အောက်တို ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ မြန်မာနိုင်ငံရောက် ထိုင်းလူမျိုး များက ဆုတောင်းဝတ် ပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီခန့်ကစ၍ မြန်မာ နိုင်ငံရောက် ထိုင်းလူမျိုးများရာနှင့်ချီ၍ ထိုင်းသံရုံးသို့ လာရောက်ပြီး ထိုင်းဘုရင်၏ ရုပ်ပုံလွှာကိုဂါရဝပြုခြင်း၊ ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခြင်းနှင့် ထိုင်းဘုန်းကြီးများထံမှ တရားနာယူခြင်းများ ပြုလုပ်ခဲ့သည်။