မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမြင့်သန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇင်မင်းဦးနှင့် မြို့နယ်ပါတီကော်မတီဝင် များသည် (၂၀.၁၀.၂၀၁၆)နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် နေအိမ်များဆုံးရှုံးသွားသော အိမ်ထောင်စု(၇)စု လူဦးရေ(၃၀)ဦးအတွက် ၎င်းတို့ ခေတ္တနေထိုင်သော စီးတော်မြင်းဝန်ကျောင်းတိုက်ရှိ မီးဘေးကယ်ဆယ်ရေးစခန်းသို့ အောက်တိုဘာ (၂၂) ရက် နံနက် (၁၀) နာရီအချိန်က သွားရောက်၍ အလှူငွေ ၁၅၀၀၀၀ိ/-(တစ်သိန်းငါးသောင်းကျပ်) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နေရပ်စွန့်ခွာတိမ်းရှောင် ဒေသခံ ရခိုင်တိုင်းရင်းသားများအား ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းငွေများပေးအပ်
အောက်တိုဘာ (၂၃) ရက် နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီနာယက ဦးမောင်မောင်အုန်း (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဦးဇော်ဇော်မြင့် (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ပါတီကော်မတီဝင် ဦးစန်းငွေနှင့် မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန် တို့သည် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီများ အကြမ်းဖက်မှုကြောင့် ဓညဝတီအားကစားကွင်းသို့ ယာယီခိုလှုံရန်ရောက်ရှိလာကြသော လူဦးရေ (၈၇၂) ဦး၊ အိမ်ထောင်စု (၂၇၁) စုအတွက် စုစုပေါင်း ထောက်ပံ့ လှူဒါန်းငွေ ကျပ် ၂၇၁ဝဝဝဝ ကို ပေးအပ်လှူဒါန်းခဲ့ရာ ယာယီ ကယ်ဆယ်ရေးစခန်းမှ တာဝန်ခံများဖြစ်ကြသော ဦးသာပွင့်၊ ဦးသန်းထွန်း၊ ဦးစိုးနိုင်တို့က လက်ခံရယူခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးပါတီရုံး၌ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်လာစေရန် တောင်သူလယ် သမားရေးရာကဏ္ဍ အစည်းအဝေး ကျင်းပ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်လာစေရန်နှင့် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် တောင်သူလယ်သမားများအား အကူအညီများ ပေးနိုင်ရန် ရည်ရွယ်၍ တောင်သူလယ်သမားရေးရာ ကဏ္ဍအစည်းအဝေးအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် အောက်တိုဘာ (၂၃) ရက် နံနက် (၉) နာရီခွဲမှ ညနေပိုင်းအထိ ကျင်းပခဲ့သည်။
ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ပဲခူးမြို့ အထက(၃) မြတ်ဆရာပူဇော်ပွဲတက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော် မတီဝင် သူရဦးအေးမြင့်သည် အောက်တိုဘာ (၂၃) ရက် နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အထက (၃) YMBA ကျောင်းဆောင်တွင် ကျင်းပသည့် ပဲခူးမြို့ အမျိုးသားတန်းမြင့်ကျောင်း ၁၉၆၁-၆၂၊ ၁၉၆၂-၆၃၊ ၁၉၆၃-၆၄၊ ၁၉၆၄-၆၅ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ ဟောင်းများ၏ အဋ္ဌမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲနှင့် ပြန်လည် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်အားပေးသည်။
ကမ်းရိုးတန်းဒေသနေ မိဘပြည်သူများအတွက် ပါတီဝင်များမှ ဘက်စုံဒေါင့်စုံမှ ကူညီပေးရန် အသင့်ဖြစ်နေတဲ့ ပြည်ခိုင်ဖြိုးပါတီ
မြန်အောင်ပြည်ခိုင်ဖြိုးပါတီ တိုက်နယ်အလိုက် စည်းဝေးပွဲများကျင်းပ
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အောက်တိုဘာ လအတွင်း မြို့နယ်အတွင်းရှိ တိုက်နယ်များသို့ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ သွားရောက်ကာ စည်းဝေးပွဲများ ကျင်းပလျက်ရှိသည်။
တိုင်းပါတီအတွင်းရေးမှူးနှင့်အဖွဲ့ သတင်းမီဒီယာတာဝန်ခံများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၂၁ရက်) နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းပါတီကော်မတီဝင်များဖြစ်ကြသော ဦးသန်းထွန်း၊ ဦးပြုံးချို၊ ဦးအောင်ဝင်းဆွေတို့မှ တိုင်းအတွင်းရှိ ခရိုင်/မြို့နယ် ပါတီသတင်းမီဒီယာတာဝန်ခံများနှင့် တွေ့ဆုံခဲ့သည်။
သီပေါမြို့နယ် မဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြို့နယ်လုံးကျွတ် သံဃဒါနဆွမ်းကြီးလောင်းပွဲ ပြည်ခိုင်ဖြိုးက ပါဝင်ဆင်နွှဲ
သီပေါမြို့နယ် (၁၂၁) ကြိမ်မြောက် မဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြို့နယ်လုံးကျွတ် သံဃဒါန ဆွမ်းကြီးလောင်းပွဲကြီးကို အောက်တိုဘာ (၁၉) ရက်နေ့က ကျင်းပ ပြုလုပ်ရာ သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမိသားစုမှ တန်ဖိုးကျပ် ၆၆၆၆၆၆ တန်ဖိုးရှိ ပဒေသာပင်ကို ပါဝင်လှူဒါန်းမှုပြုခဲ့ရာ နမ့်ဟူးနွဲ့ကျောင်းမှ ဆရာတော်မှ ယင်းပဒေသာပင်ကို မဲပေါက်သဖြင့် ခရိုင်ပါတီကော်မတီဝင် ဦးအုန်းမောင်လေး၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်အောင်၊ အတွင်းရေးမှူး ဦးစိုင်းခင်မောင်ရွှေ၊ မြို့နယ်ပါတီကော်မတီများ၊ ပါတီဝင် မိသားစုများမှ သွားရောက်ပို့ဆောင် လှူဒါန်း၍ ရေစက်သွန်ချအမျှပေးဝေခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးပါတီ ခရိုင်/မြို့နယ် ရေးရာတာဝန်ခံများ မိတ်ဆက် တွေ့ဆုံပွဲအခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းမီဒီယာနှင့် ပြည်သူ့ဆက်ဆံရေး၊ ပညာရေးနှင့် သုတေသနရေးရာများနှင့် ပတ်သက်၍ ခရိုင်/မြို့နယ်အလိုက် ရေးရာတာဝန်ခံ ကော်မတီဝင်များ မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာ (၂၀) ရက် နေ့လည် (၁) နာရီအချိန်က တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
သတင်း–တိုက်ကြီး ပြည်ခိုင်ဖြိုး
# Tin Maung Zaw
ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦးသည် အောက်တိုဘာ (၂၀) ရက် မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ အဆိုပါ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။