ရှမ်းပြည်မြောက်ပိုင်း မြန်မာတရုတ် နယ်စပ်အနီးရှိ မူဆယ်မြို့ ကုန်သွယ်ရေးဇုန်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ သုံးဖွဲက နိုဝင်ဘာ (၂၀) ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခဲ့ရာမှာ လူတစ်ဦး သေဆုံးပြီး ခြောက်ဦး ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း အစိုးရဘက်က အတည်ပြု သတင်းထုတ်ပြန်လိုက်သည်။ (more…)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေး ဒီဇင်ဘာလဆန်းကျင်းပရန် လျာထား
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ဒီဇင်ဘာပထမပတ်တွင် နေပြည်တော်၌ ကျင်းပရန် လျာထားကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။ (more…)
NCA ရေးထိုးထားသည့်အဖွဲ့များ၏ နိုင်ငံရေးကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ လေးရက်ကြာ ပြုလုပ်မည်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့၏ နိုင်ငံရေးကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်၌ နိုဝင်ဘာ (၂၃) ရက်မှ (၂၆) ရက်အထိ လေးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)
နွားထိုးကြီးပြည်ခိုင်ဖြိုး စည်းရုံးရေးစွမ်းရည်(မွမ်းမံ)သင်တန်းဖွင့်
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကျေးရွာ/ရပ်ကွက် စည်းရုံးရေးမှူးများ၏ စည်းရုံးရေးစွမ်းရည်မွမ်းမံသင်တန်းဖွင့်ပွဲကို နိုဝင်ဘာ (၁၉) ရက် နံနက်က နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်တာဝန်ခံ ဦးမြတ်သူ၊ မြင်းခြံခရိုင်ပါတီ အတွင်းရေးမှူး ဦးကျော်ဇင်မျိုး တို့က သင်တန်းဖွင့် အမှာစကားပြောကြားသည်။

သရက်ချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မီဒီယာနှင့် လူထုဆက်သွယ်ရေးသင်တန်းဖွင့်လှစ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မီဒီယာနှင့် လူထုဆက်သွယ်ရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ (၁၉) ရက် နံနက် (၉) နာရီက မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။

ဗဟိုကော်မတီဝင် ကျောက်ဖြူခရိုင်/မြို့နယ်၊ ရမ်းဗြဲမြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပါတီဌာနချုပ် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာ ကော်မတီဝင် ဦးထွေးလှသည် နိုဝင်ဘာ (၁၈) ရက် နေ့လည် (၂) နာရီအချိန်က ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ပါတီကော်မတီဝင် ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကျောက်ဖြူမြို့နယ် ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရမ်းဗြဲမြို့နယ် ပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးတို့အား တွေ့ဆုံခဲ့ပြီး ဗဟိုကော်မတီဝင် ဦးထွေးလှမှ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ပါတီတွင်းစည်းလုံးရေးကိစ္စရပ်များ၊ လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အခြေအနေများနှင့် ပါတီ၏စည်းရုံးရေး အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အလှူငွေများလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းနှင့် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးခွန်သိန်းမောင်၊ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းဆိုင်နွမ်း၊ ဒေါ်ဝါဝါထွေးတို့လိုက်ပါလျက် နိုဝင်ဘာလ (၁၈) ရက် နံနက် (၉) နာရီအချိန်က အမျိုးသမီးနှင့်ကလေးဆေးရုံတွင် တက်ရောက်ဆေးကုသနေသော အဆုတ်ဝေဒနာရှင် မောင်ထွန်းဇော် နှင့် ကင်ဆာရောဂါဝေဒနာရှင် မောင်ဝေလင်းကျော်တို့အတွက် ဆေးကုသရန်စရိတ် တစ်ဦးလျှင် ငွေကျပ် ၆ဝဝဝဝ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၂ဝဝဝဝ ကို လူနာရှင်မိဘများထံ လက်ရောက်ပေးအပ်လှူဒါန်းပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
“စွန့်လွှတ်စွန့်စားသူတို့၏ ကွန်းခိုရာ ကရုဏာကမ္ဘာ” ဘိုးဘွားရိပ်သာ သို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး သွားရောက်လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် နေထိုင်ကြသော ဘိုးဘွားများအတွက် အလှူတော်ငွေကျပ် (၁၀) သိန်းကို လှူဒါန်းခဲ့ရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပထမဆုံးအကြိမ် မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပထမဆုံးအကြိမ် မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ (နိုဝင်ဘာ ၁၉ ရက်) နံနက် (၉)နာရီအချိန်၌ နေပြည်တော်ရှိ ပါတီဌာနချုပ် ခန်းမဆောင်ကြီးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။


ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းမိသားစုမှ လှူဒါန်းသော ဟင်္သာတမြို့နယ် ကိုင်းချောင်းအုပ်စု ပျဉ်းမချောင်း ကျေးရွာ ဘုရားကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓါစာရ၏သြဝါဒအားခံယူ၍ အများပြည်သူများမှ အသစ်ပြန်လည် တည်ထားကိုးကွယ်သည့် ရှေးဟောင်းစေတီတစ်ဆူဖြစ်သော “နဝင်းဓာတ်ခံ ထွတ်ဘုန်းလျှံ” စေတီတော်၌ တင်လှူပူဇော်မည့် ပင်မထီးနှင့် အရံစေတီလေးဆူ အတွက်ထီးတော်များအား ကျောင်းတိုက်သို့ ပင့်ဆောင်သည့်အခမ်းအနားကို ယခုလ ၁၁ ရက် နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့သည်။




