ကန့်ဘလူပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းလိုအပ်ချက်များညှိနှိုင်း

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းစိန်၊ အတွင်းရေးမှူး ဦးမင်းဇော်နှင့် အလုပ်အမှုဆောင်များသည် ယခုလ (၂၅) ရက် နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ပင့်သာတိုက်နယ်၊ မြေထူးတိုက် နယ်အတွင်းရှိ စည်းရုံးရေးမှူးများ၊ ကျေးရွာခွဲများမှ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်များ၊ မြို့နယ်ကော် မတီဝင်၊ အရန်ကော်မတီဝင်များ တွေ့ဆုံခဲ့ရာ အင်အား ၆ဝ တက်ရောက်ပြီး လုပ်ငန်းလိုအပ်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၁၁/၂၀၁၆) ဆုံးဖြတ်ချက်များမှ ကောက်နှုတ်ချက်အချို့

15135938_457901814384951_6626069668633940459_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြီုးရေးပါတီသည်-

(more…)


ပါတီလုပ်ငန်းနှင့် စည်းရုံးရေးလုပ်ငန်းများ စွမ်းရည်မြှင့်တင်ရေး တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) နတ်တလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေးအတွက် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ခရိုင်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီ ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ (၂၆) ရက် နံနက် (၈) နာရီက ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အမှာစကားပြောကြားပြီးနောက် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များက မြို့နယ်ပါတီ၏ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေရေးဆွဲနိုင်ခြင်းမရှိသေး

အစိုးရသစ်လက်ထက်တွင် စတင်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် လုပ်ငန်း အတွေ့အကြုံနည်းပြီး လူ့စွမ်းအားအရင်းအမြစ် ပြည့်စုံမှု မရှိသေးသည့် အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ ရေးဆွဲနိုင်ခြင်းမရှိသေးကြောင်း တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ပြောကြားလိုက်သည်။

sai-mk

ဒေါက်တာစိုင်းမောက်ခမ်း မှ မေးမြန်းစဉ်

(more…)


မလေးရှားတွင်ရှိသည့် မြန်မာသံရုံးလုံခြုံရေးကို ယခုရက်ပိုင်းမှစတင်ကာ တင်းကျပ်မည်ဟုထုတ်ပြန်

ကွာလာ လမ်ပူရှိ မြန်မာသံရုံး၏လုံခြုံရေးကို ယခုရက်ပိုင်းမှစ၍ တင်းကျပ်သွားမည်ဖြစ်ကြောင်း မလေးရှားဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ကြောင်း သိရသည်။ (more…)


တိုက်ပွဲ ပိုမိုပြင်းလာသဖြင့် ကွတ်ခိုင်တွင် ဈေး၊ ကျောင်း၊ ဘဏ်များ ပိတ်လိုက်ပြီဟုဆို

မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းတိုင်းရင်းသား မဟာမိတ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လုံခြုံရေး စိုးရိမ်ရ သဖြင့် ကွတ်ခိုင်မြို့မဈေးနှင့် စာသင်ကျောင်းများ ပိတ်လိုက် ရသည်ဟု ကွတ်ခိုင်မြို့ခံများက ပြောသည်။ (more…)


ပြည်ပ အလုပ်အကိုင်သွားမည့်သူများ အလုပ်သမား ပတ်စ်ပို့စ်ဖြင့်သာ ထွက်ခွင့်ပြုတော့မည်

ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူများသည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ အလုပ်သမားပတ်စ်ပို့စ်သာ ထွက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိမ်းဆွေက ပြောကြားသည်။ (more…)


မူဆယ်တွင် ပရဟိတအဖွဲ့များအားပစ်ခတ်ခဲ့မှုအပေါ် ဟင်္သာတခရိုင် နာရေးနှင့် သဘာဝဘေးကူညီမှု ပရဟိတ အဖွဲ့များကွန်ရက်က ကန့်ကွက်စာထုတ်

ဟင်္သာတခရိုင် လူနာတင်ယာဉ် နာရေးနှင့် သဘာဝဘေးကူညီမှု ပရဟိတအဖွဲ့များကွန်ရက်က မူဆယ် ၁၀၅ မိုင်တွင် လက်နက်ကိုင်အဖွဲ့မှာ ပရဟိတအဖွဲ့အား ပစ်ခတ်လိုက်မှုနှင့် ပတ်သက်ပြီး အချက် ၆ ချက်ပါ ကြေညာချက်အား နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။ (more…)


မြန်မာနိုင်ငံဒေသအားလုံးတွင် ခရမ်းလွန်ရောင်ခြည် အလွန်မြင့်မားနေ

မြန်မာနိုင်ငံ ဒေသအားလုံးတွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာများ မဖြစ်ပွား စေရန် ကြိုတင်ကာကွယ်သင့်ကြောင်း ဒေါက်တာ ထွန်းလွင် က သတိပေးသည်။ (more…)


လယ်ဝေးမြို့နယ်ပါတီရုံးတွင် အခမဲ့ဆေးဝါးကုသမှု ဆောင်ရွက်ပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော် ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် ကိုးရီးယားသမ္မတနိုင်ငံ Globle Hope လူမှုအဖွဲ့အစည်းတို့ ပူပေါင်း၍ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ ပြည်သူများအား အခမဲ့ဆေးဝါးကုသပေးခြင်းကို နိုဝင်ဘာလ (၂၂) ရက်မှ (၂၄) ရက်နေ့အထိ လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

15178097_352913058407380_7223208208900149767_n

(more…)