ရှမ်းပြည်နယ်ရှိ နိုင်ငံရေးပါတီများ စုစည်းနိုင်ရန် ရှမ်းပြည်နယ်နိုင်ငံရေးပါတီများအဖွဲ့ချုပ်ကို အဖွဲ့ဝင် ၁၃ ပါတီဖြင့် အတည်ပြု ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့ဝင်ပါတီများထံမှ သိရသည်။
‘‘အခုလောလောဆယ်တော့ ၁၃ ပါတီနဲ့ စဖွဲ့လိုက်ပါပြီ။ နောက်ထပ်ဝင်မယ့်ပါတီတွေက မိခင်ပါတီရဲ့ အတည်ပြုချက်ကို တောင်းထားကြတယ်’’ ဟု ရှမ်းပြည်နိုင်ငံရေးပါတီများအဖွဲ့ချုပ် ဖွဲ့စည်းနိုင်ရေး ဦးဆောင်ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကဆိုသည်။ (more…)