
ရှမ်းပြည်နယ် မြောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားသော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်နိုင်ရေး အစိုးရနှင့် UNFC ကိုယ်စားလှယ်တို့ ဆက်လက်တွေ့ဆုံညှိနှိုင်းမည်ဟု နှစ်ဖက်ကိုယ်စားလှယ်များကပြောသည်။ UNFC အဖွဲ့ဝင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်တွင် အစိုးရလုံခြုံရေး တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

