စစ်ပွဲတွေရပ်ဟု ပြောဆိုခြင်းသည် တိုက်ဆိုင်မှုမဟုတ်တော့ဘဲ သောင်းကျန်းသူများကို ပြန်လည် ခုခံတိုက်ခိုက် သည့်အချိန်တိုင်း ထွက်ပေါ်လာသည့်အသံဖြစ်ကြောင်း အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ် က ပြောကြားသည်။
စစ်ပွဲတွေရပ်ဟု ပြောဆိုခြင်းသည် တိုက်ဆိုင်မှုမဟုတ်တော့ဘဲ သောင်းကျန်းသူများကို ပြန်လည် ခုခံတိုက်ခိုက် သည့်အချိန်တိုင်း ထွက်ပေါ်လာသည့်အသံဖြစ်ကြောင်း အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ် က ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စစ်တွေခရိုင်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ၏ မျက်နှာစုံညီ အစည်းအဝေးကို ဒီဇင်ဘာ (၅) ရက် မွန်းတည့် (၁၂) နာရီအချိန်က စစ်တွေခရိုင် ပြည်ခိုင်ဖြိုးပါတီ၌ ကျင်းပ ပြုလုပ်ရာ ခရိုင်ဥက္ကဌဦးကျော်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး ပါတီ၏ ရှေ့ဆက်သွားရမည့် လုပ်ငန်းစဉ်များကို ပြောကြားခဲ့သည်။
ယနေ့ 6.12.2016ရက်နေ့ နံနက်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီ၊ခရိုင်ပါတီ၊မြို့နယ်ပါတီများ စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌဦးအောင်ချိုဦးနှင့်ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်းပါတီကော်မတီဝင်များ၊ပြည်ခရိုင်၊သာယာဝတီခရိုင်တို့မှ ခရိုင်ပါတီဥက္ကနှင့်ကော်မတီဝင်များ၊မြို့နယ်(၁၄)မြို့နယ်တို့မှ မြို့နယ်ပါတီဥက္ကဌများတက်ရောက်ကြပါသည်။
ယနေ့ ခင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးထွန်းမြင့် ဦးဆောင်သောအဖွဲ့ အင်တိုင်းလေး
ရွာသစ်ကုန်း ရွှေပန်းကုန် သရက်ပင်စု ယာတော် မုံလှကျေးရွာများသို့သွားရောက်ကာ ရပ်မိရပ်ဖ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံ၍ ပါတီဝင်အမာခံစီစစ်ခြင်းကို ရေးရာအဖွဲ့များ၊ မီဒီယာ အဖွဲ့များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ဆပ်ပျာကျင်းကျေးရွာ ကြောင်နံ့သာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် မိသားစုများက (၁၃)ကြိမ်မြောက် စုပေါင်းဘုံ ကထိန်အလှူတော်မင်္ဂလာပွဲ အခမ်းအနားကို ဒီဇင်ဘာ (၄) ရက် နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာပွဲတွင် ဆရာတော် ဘဒ္ဒန္တဓမ္မသာမိထံမှ သီလခံယူ ဆောက်တည်ကြပြီး ဆရာတော် ဘဒ္ဒန္တသြဘာက ဆုံးမသြဝါဒမြွက်ကြားသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးရှိ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ (၅) ရက် နံနက် ၁ဝနာရီက လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပရာ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က အဖွင့် အမှာစကား ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာတွေဆုံပွဲကို ဒီဇင်ဘာ (၅) ရက်က ကျင်းပပြုလုပ်ရာ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်၊ ဗဟိုကော်မတီဝင် ဗဟိုလူငယ်ရေးရာ တွဲဘက် တာဝန်ခံ ဦးလှထွန်းဦး မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးတင်ယု၊ အတွင်းရေးမှူး မြောက်ပိုင်းခရိုင် လူငယ်နှင့် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သင်းသင်းလှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ လှိုင်သာယာမြို့နယ်ပါတီ အတွင်း ရေးမှူးနှင့် ကော်မတီဝင်များ ရပ်ကွက်လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာ တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ မုံးကိုးမြို့ကို ထိန်းချုပ်နိုင်ပြီဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၄ ရက် ညနေတွင် သတင်းထုတ်ပြန်သည်။ (more…)
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းထွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း UNFC သို့ အကြောင်းပြန်ကြားထားပြီး ဖြစ်သည်ဟု ပအိုဝ်းတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ PNLO ဦး ဆောင်နာယက ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။ (more…)