မတ္တရာမြို့နယ်ပြည်ခိုင်ဖြိုး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည် မြှင့်တင်ရေးဆွေးနွေးပွဲကို နိုဝင်ဘာ (၂၆) ရက် နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင့်လွင်ဦး၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးလှမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ စည်းမှူးများ၊ အမှုဆာင်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

ကျိုက်ထိုပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီဆိုင်းဘုတ်များ အသစ်ပြင်ဆင်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက် နှင့်ကျေးရွာများမှ ဟောင်နွမ်းနေသော ရပ်ကျေးပါတီဆိုင်းဘုတ်များအား အသစ်ပြန်လည်တပ်ဆင်လျှက်ရှိရာ နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် အင်္ဂဘိုကျေးရွာအုပ်စု ပါတီ ဆိုင်းဘုတ်တင် အခမ်းအနား ပြုလုပ်ခဲ့သည်။

ဘာသာရေးကို အခြေခံ၍ ဆိုက်ဘာတိုက်ခိုက်မှုများဖြစ်ပွား အစိုးရ၀န်ကြီးဌာနနှင့် စီးပွားရေးလုပ်ငန်းဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံခဲ့ရ

နိုဝင်ဘာ ၂၀ ရက် နောက်ပိုင်းကစတင်၍ ဘာသာရေးအပေါ်အခြေခံပြီး အင်တာနက်ပေါ်၌ အပြန်အလှန် ဆိုက်ဘာတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အစိုးရ၀န်ကြီးဌာန ၀က်ဘ်ဆိုက်များ အပါအ၀င် စီးပွားရေး လုပ်ငန်းကြီးများ၏ ၀က်ဘ်ဆိုက်များ တိုက်ခိုက်ခံခဲ့ရကြောင်း   သတင်းရရှိသည်။ (more…)


အကျပ်အတည်းများကြောင့် ကာလုံအမြန်ခေါ်ယူပေးရန် ပြည်ခိုင်ဖြိုးအပါအ၀င် ပါတီ ၁၃ ခု တောင်းဆို

kl

နေပြည်တော်- နိုင်ငံတော်တွင် ရင်ဆိုင်နေရသော လုံခြုံရေး၊ စီးပွားရေးအကျပ်အတည်းများနှင့် ပြည်တွင်း၊ ပြည်ပအကြမ်းဖက် အန္တရာယ်များကို ဟန့်တားနိုင်ရေးအတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအမြန်ဆုံးခေါ်ယူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၃ ခုက သဘောထား ကြေညာချက် ထုတ်ပြန်သည်။

ငါန်းဇွန်မြို့၌ ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီးမြင်းခြံ ခရိုင် ငါန်းဇွန်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်း အဝေးခန်းမ၌ ယခုလ ၂၅ရက် နံနက် ၉နာရီက ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအခမ်း အနား၌ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူက ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်း ရည်မြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပ ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပါတီလုပ်ငန်း နှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင် ရေးဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးမြတ်သူ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်နှင့် အတွင်းရေးမှူး ဦးမျိုးကျော်ဇင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကိုတို့က တက်ရောက်လာသော မြို့ပေါ်ရပ် ကွက်လေးရပ်ကွက်နှင့် ကျေးရွာ အုပ်စု၄၄အုပ်စုတို့မှ ပါတီဝင် ၁၃၅ ဦးနှင့် ယခုလ ၂၆ရက် ညနေ ၄ နာရီခွဲအထိ အပြန်အလှန် ဆွေး နွေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့မြောက်တိုက်ပွဲများနှင့် ပတ်သက်၍ လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီးအဆိုတင်

ယနေ့ (နိုဝင်ဘာ ၂၉ ရက်) တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ မိထ္တီလာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း က “ရှမ်းပြည်အရှေ့မြောက်ဒေသ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတို့တွင် KIA၊ MMDAAနှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘဝရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အချာတည်မြဲမှု၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်မိကြောင်း” အရေးကြီးအဆို တင်သွင်းခဲ့ပါသည်။

0-02-06-d5a1e4f9fb4b2eb8010b405076d3893a89a44067707544791d705ec36e5cb7e5_full

(more…)


နွားထိုးကြီး ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးများ၏ မွမ်းမံသင်တန်းဆင်း

နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာ/ရပ်ကွက် စည်းရုံးရေးမှူးများ၏ စည်းရုံးရေးမွမ်းမံ သင်တန်းဆင်းပွဲကို ယခုလ ၂၅ ရက်က နွားထိုးကြီးပြည်ခိုင်ဖြိုးရုံး တွင်ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသ ကြီး နယ်မြေမြို့နယ်တာဝန်ခံ ဦးမြတ်သူက သင်တန်းဆင်းအမှာ စကားပြောကြားသည်။ အခမ်းအနားသို့ မြင်းခြံခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊ နွားထိုးကြီးမြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်ဖေနှင့်ပါတီကော်မတီဝင်များ၊ သင်တန်း သားစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဌေးမြင့်မောင်(နွားထိုးကြီး)

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် လုပ်ငန်းများ ယနေ့ ပုံမှန်စတင်မည်

တိုက်ပွဲများကြောင့် ရက်သတ္တပတ်ကြာ ရပ်ဆိုင်းခဲ့ သည့် မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်ကုန်သွယ်မှုလုပ်ငန်း များကို နိုဝင်ဘာ (၂၉) ရက်တွင်  ပြန်လည်စတင်မည်ဖြစ်ကြောင်း  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။ (more…)


မိုးညိုမြို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့ ရွှေဥဒေါင်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ တွေ့ဆုံပွဲ အခမ်းအနားကို နိုဝင်ဘာ (၂၇) ရက် နံနက် (၈) နာရီခွဲတွင် ကျင်းပသည်။

တစ်ဆင့်ခရီးသွားများ စင်ကာပူတွင် ငါးနာရီခွဲကြာ လည်ပတ်ခွင့်ရမည်

ဒီဇင်ဘာလတစ်ရက်မှစ၍ မြန်မာ-စင်ကာပူ နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ကြောင့် တစ်ဆင့်ကူးပြောင်း သွားလာ မည့် ခရီးသွားများအနေနှင့် ငါးနာရီခွဲကြာ အခမဲ့စင်ကာပူခရီးစဉ် ‘Free Singapore Tour’ ကို လည်ပတ်ခွင့်ရရှိ မည်ဖြစ်ကြောင်း စင်ကာပူလေကြောင်းလိုင်းထံမှ သိရသည်။ (more…)