
ပြည်ခိုင်ဖြိုးပါတီမှ စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေနှင့် ဆန်များ ထောက်ပံ့ လှူဒါန်း
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ဦးဆောင်မှုဖြင့်
လားရှိုးမြို့နယ်ပါတီကော်မတီဝင်များ၊ မိုးမိတ်မြို့နယ်ပါတီကော်မတီဝင်များနှင့် နောင်ချိမြို့နယ် ပါတီ ကော်မတီဝင်များမှ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအုပ်စု အုမ္မသီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေကြသော မန်တုန်မြို့နယ်အတွင်းကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူ များအတွက် ငွေကျပ် ၈၀၀၀၀၀ိ/(ရှစ်သိန်းကျပ်တိတိ)နှင့် မိုးမိတ်ဆန် (၁၀)အိတ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပါတီအတွင်းရေးမှူး ပါတီကော်မတီဝင်များအား တွေ့ဆုံ လမ်းညွှန်မှာကြား
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်းနှင့် ပါတီကော်မတီဝင်များတွေ့ဆုံပွဲကို ဒီဇင်ဘာ (၆) ရက် နံနက် (၁၀) နာရီအချိန်က နောင်ချိုမြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်နယ်အတွင်းရေးမှူး၊ ခရိုင်ပါတီဥက္ကဋ္ဌ၊ မိုးမိတ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ နောင်ချိုမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုမှ စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပါတီအတွင်း ရေးမှူး ဒေါက်တာလဆိုင်းမှ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး
ပြည်ထောင်စုနယ်မြေ နေပြည် တော်တပ်ကုန်းမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ဒီဇင်ဘာ (၅) ရက်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးဝေလွင်နှင့်အဖွဲ့ ရောက်ရှိလာပြီး တပ်ကုန်းမြို့နယ်ရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် နေရာအား လာရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သီလရှင်ဆရာကြီးဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါဝင်လှူဒါန်း
ဗုဒ္ဓမြတ်စွာသာသနာ အရှည် တည်တံ့နိုင်ရေးအတွက် ယခုလ ၄ ရက် မွန်းလွဲ ၂ နာရီက ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက် ‘သန္တိသုခ ဆွမ်းလောင်းအသင်း’မှ ကြီးမှူး ပြုလုပ်သော(၆)ကြိမ်မြောက် သီလ ရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲ လောင်းလှူပွဲတွင် ပဲခူးခရိုင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီဝင် ဦးဝင်းခိုင်နှင့် ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အောင် ဦးဆောင်သော မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် ကျေးရွာပါတီဝင်များက ဆွမ်းဆန်၊ ဆပ်ပြာမှုန့်များ အပါအဝင် အခြား စာရေးတံမဲများအား စေတနာရှင် အလှူရှင်အဖွဲ့ အစည်းအသီးသီးတို့ နှင့်အတူ စုပေါင်းကာ လှူဒါန်း ခြင်းဖြစ်သည်။
ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ ဖရူဆိုမြို့နယ် ပြည်သူများနှင့် သွားရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဒီဇင်ဘာ (၅) ရက် မွန်း လွဲ ၁နာရီက ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်(တောင်သူလယ်သမား ရေးရာကော်မတီ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးတင်လှိုင်မြင့် (စည်းကမ်းထိန်းသိမ်း ရေးကော်မတီ)၊ ဦးမင်းမင်းဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီ)၊ ဦးအောင်ကျော်ညွန့် (စီးပွားရေးရာကော်မတီ)၊ ဦးကိုကိုနိုင်(သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနကြီး)၊ ဦးကိုကိုလွင်(လုပ်ငန်းစိစစ်ရေးကော်မတီ)၊ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ပါတီကော်မတီ ဝင်များနှင့် လွိုင်ကော်ခရိုင် အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုးတို့လိုက်ပါလျက် ကယားပြည်နယ် ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ရွာဦးကျောင်းဆရာ တော် ဦးနန္ဒိယ အားသွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။
ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့်မိသားစု ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ ငွေကျပ် ၁ဝသိန်းသွားရောက်လှူဒါန်း
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် မိသားစု နေပြည်တော်ရှိ စွန့်လွှတ် စွန့်စားသူများကွန်းခိုရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၏ ဝေယျာဝစ္စအတွက် ငွေကျပ် ၁ဝ သိန်းကို ဒီဇင်ဘာ (၆) ရက် ညနေက သွားရောက်လှူဒါန်းခဲ့သည်။
စရိတ်လစာနှင့် ကော်မရှင်အဖွဲ့ခွဲဝင် သက်တမ်းကို ပြင်ဆင်ရန် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ပြင်ဆင်မည်
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ သက်တမ်းကို ၅ နှစ်ထားရှိရာမှ ကိုးလအဖြစ်သို့ ပြင်ဆင်ခြင်းနှင့် လစဉ် ချီးမြှင့်ငွေများကို ပြင်ဆင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက လွှတ်တော်သို့ တင်ပြ လိုက်သည်။ (more…)
အစိုးရသစ်လက်ထက် ရှစ်လအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းခြောက်ခုတွင် ကုန်သွယ်မှုလျော့ကျခဲ့
အစိုးရသစ်လက်ထက် ရှစ်လတာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်း ၁၅ ခုအနက် စခန်းခြောက်ခုတွင် ကုန်သွယ်မှုလျော့ကျခဲ့ကြောင်း သတင်းရရှိသည်။ (more…)
မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်မှုကို ရက်အကန့်အသတ်မရှိ ခေတ္တ ရပ်ဆိုင်း
မလေးရှားနိုင်ငံဝန်ကြီးချုပ်ဦးဆောင်၍ မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာဆန္ဒပြသည့် ဖြစ်စဉ်များကြောင့် မလေးရှား နိုင်ငံသို့ မြန်မာလုပ်သား စေလွှတ်မှုကို ရက်အကန့်အသတ်မရှိ ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။ (more…)



