မိုးမိတ်ပြည်ခိုင်ဖြိုး မြို့နယ်နှင့် ရပ်/ကျေးအုပ်စုများ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့် ရပ်ကွက် ကျေးရွာအုပ်စုများ လုပ်ငန်း ညှိနိုင်း အစည်းအဝေးကို နိုဝင်ဘာ (၃၀) ရက်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမောင်ငယ် နှင့် မြို့နယ်ပါတီကော်မတီများ၊ အရံ ကော် မတီဝင်များ ရပ်/ကျေးစည်းမှူးများ တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်ပြီးစီးခဲ့ သည့် လုပ်ငန်စဉ်းများ ဆွေးနွေးခြင်း၊ ရှေ့ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

စစ်တွေခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ကျေးရွာများသို့ ကွင်းဆင်း

စစ်တွေခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဆောင်ပြီး စစ်တွေခရိုင်/မြို့နယ်ပါတီနှင့် ရပ်/ကျေး စည်းမှူးများလိုက်ပါလျက် နိုဝင်ဘာ (၂၉) ရက် နံနက် (၁၁) နာရီအချိန်က ကျက်တောပြင်ကျေးရွာ၊ င/တောက် တက်ကျေးရွာနှင့် တောကန်ကျေးရွာများသို့ Door to Door ကွင်းဆင်းပြီး မိမိတို့ပါတီဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံ၍ ထိုကျေးရွာများရှိ ပြည်သူ့သဘော ထားနှင့် ပြည်သူ့အသံနားထောင်ခြင်း၊ ကျေးရွာများရှိ စာကြည့်တိုက်များတွင် ပါတီပိုင် ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် ရှေ့ဆောင်ဂျာနယ်တို့အား ပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကလောမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ ဗဟိုအလုပ် အမှုဆောင်များအဖွဲ့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ပါတီ ကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ အမာခံပါတီဝင်များ၊ ပါတီဝင် တိုင်းရင်း သားများ တွေ့ဆုံပွဲကို နိုဝင်ဘာ (၂၉) ရက် နံနက် (၉) နာရီခွဲ အချိန်က ကလောမြို့နယ် ဟဲဟိုးမြို့ မြို့လယ်ဓမ္မာရုံ၌ ကျင်းပခဲ့ရာ ရပ်ကွက်/ ကျေးရွာများမှ ယခုလက်ရှိဖြစ်ပေါ်နေသော ပြည်သူများ၏ အခက်အခဲ များကို ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စစ်တွေခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ကျေးရွာများသို့ ကွင်းဆင်း

စစ်တွေခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဆောင်ပြီး စစ်တွေခရိုင်/မြို့နယ်ပါတီနှင့် ရပ်/ကျေး စည်းမှူးများလိုက်ပါလျက် နိုဝင်ဘာ (၂၉) ရက် နံနက် (၁၁) နာရီအချိန်က ကျက်တောပြင်ကျေးရွာ၊ င/တောက် တက်ကျေးရွာနှင့် တောကန်ကျေးရွာများသို့ Door to Door ကွင်းဆင်းပြီး မိမိတို့ပါတီဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံ၍ ထိုကျေးရွာများရှိ ပြည်သူ့သဘော ထားနှင့် ပြည်သူ့အသံနားထောင်ခြင်း၊ ကျေးရွာများရှိ စာကြည့်တိုက်များတွင် ပါတီပိုင် ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် ရှေ့ဆောင်ဂျာနယ်တို့အား ပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်/မြို့နယ်ပါတီ လပတ်ပုံမှန်စည်းဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ လစဉ်ပုံမှန်အစည်းအဝေးကို နိုဝင်ဘာ (၂၉) ရက် နံနက် (၈) နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ခရိုင်နှင့်မြို့နယ်ပါတီမှ လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျယ်တ၀င့် ဆွေးနွေးပြီး လိုအပ်ချက် များအပေါ် ဗဟိုပါတီကော်မတီဝင် များဖြစ်သည့် ဦးရှာမွေလရှဲန်၊ ဦးဝီလ်ဆင်မိုးတို့မှ အကြံပြုဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးအသင်းအတွက် ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုးမှ အလှူငွေ ဘတ် (၁)သောင်း မတည်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းမြောက်တိုက်ပွဲများနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်က လွှတ်တော်တွင် အရေးကြီးအဆိုတင်

13081804_1136480829709399_320826700_n

ရှမ်းပြည်နယ်အရှေ့ မြောက်ဒေသ၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်စေမှုတို့ကို လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီး အဆို တစ်ရပ်ကို ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက နိုဝင်ဘာ၂၉ ရက်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။ အရေးကြီးအဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောထားကို ဥက္ကဋ္ဌက တောင်းခံရာ ကန့်ကွက် သူမရှိ ထောက်ခံခဲ့သဖြင့် လက်ခံဆွေးနွေးရန် သဘောတူလိုက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ အမည် စာရင်း ပေးသွင်းရမည်ဖြစ်သည်။

ဇီးကုန်းပြည်ခိုင်ဖြိုး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကို ယခုလ (၂၆) ရက် နံနက် (၁ဝ) နာရီက ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမဆောင်၌ ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးပါတီ လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေး

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များ၏ အပတ်စဉ် အစည်းအဝေးကို နိုဝင်ဘာ (၂၈) ရက် နံနက် (၁ဝ) နာရီတွင် တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ဖိတ်ကြားထားသော မြို့နယ်ပါတီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်တွင် လတ်တလောဖြစ်ပေါ်နေသော အထွေထွေ အကြပ်အတည်းများအပေါ် ကိုင်တွယ်ဖြေရှင်းမှုနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီ (၁၃)ပါတီ၏ ပူးတွဲသဘောထား ကြေညာချက်

15241890_687005671468947_1040926371285003212_n 15267630_687004388135742_7024263636993290049_n

(more…)


ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး တိုင်း/ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးများ တွေ့ဆုံပွဲကို နိုဝင်ဘာ (၂၉) ရက် နံနက် (၁ဝ) နာရီ (၄၅) မိနစ်က ရန်ကုန် တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းပါတီနာယက ဦးနန္ဒကျော်စွာ၊ ဦးစိန်တင်ဝင်း၊ တိုင်းပါတီကော်မတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီ ကော်မတီဝင်များ တက်ရောက်ကြသည်။