
ရန်ကုန်မြို့၏ ထမဆုံး ရေပေါ်ညဈေးကို ဗိုလ်တထောင်ဘုရားကမ်းနားရှိ ဆိပ်ခံတံတားအမှတ် (၅) The Love Boat Bridge တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ ရန်ကုန်မြို့မှာ ရေပေါ်ဈေးမရှိဘူး အိမ်နီးခြင်းနိုင်ငံတွေမှာကျတော့ ရေပေါ်ဈေးတွေ လုပ်ပြီး ရောင်းချနေတာ ရှိတယ်။ ဒါ့ကြောင့် ရန်ကုန်မြစ်အလှရယ်၊ ရိုးရာအစားအစာတွေကို နိုင်ငံတကာကို ချပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာ ဖြစ်ပါတယ်” ဟု တော်ဝင်ချမ်းသာ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။









