Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၇၆) ဦး တွေ့ရှိ
(၂၆-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၁၉၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၇၆) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၇၃) ရာခိုင်နှုန်း ရှိပါသည်။
၃ ရက်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၅၀၀ ဦးခန့်အား စေလွှတ်ပေးနိုင်ခဲ့
တောင်ကိုရီးယားနိုင်ငံမှ မြန်မာအလုပ်သမားများအား ပြန်လည်လက်ခံပေးလျက်ရှိရာ ၃ ရက်အတွင်း မြန်မာအလုပ်သမား ၄၇၆ ဦးအား EPS စနစ်ဖြင့် စေလွှတ်ပေးနိုင်ခဲ့သည်ဟု ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသိရသည်။ ထိုသို့ စေလွှတ်ရာတွင် အောက်တိုဘာ ၂၅ ရက်က ၁၄၈ ဦး၊ အောက်တိုဘာ ၂၀ ရက်က ၁၇၈ ဦးနှင့် အောက်တိုဘာ ၁၈ ရက်က ၁၅၀ ဦးတို့ဖြစ်ကြောင်း သိရသည်။
တစ်ပတ်အတွင်း ထိုင်းနိုင်ငံ ကန်ချနာဘူရီ ခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား တစ်ရာကျော် ထပ်မံဖမ်းဆီးခံရ
တစ်ပတ်အတွင်း ထိုင်းနိုင်ငံ ကန်ချနာဘူရီ ခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား တစ်ရာကျော် ထပ်မံဖမ်းဆီးခံရကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်နှင့်နယ်ချင်းထိစပ်နေသည့်ထိုင်းနို်င်ငံ၊ကန်ချနာဘူရီခရိုင်အတွင်းသို့နယ်စပ်တောလမ်းများ အသုံးပြုကာ တရားမဝင် ဝင်ရောက်လာသည့်မြန်မာနိုင်ငံ သားတစ်ရာကျော်မှာ လမ်းပြများနှင့်အတူ ဖမ်းဆီးခံရကြောင်းထိုင်းမီဒီယာများတွင်ဖော်ပြထားချက်အရသိရှိရသည်။
အောက်တိုဘာ ၂၂ ရက်နေ့ တွင်ကန်ချနာဘူရီခရိုင်၊ ဗန်းကောင်ခရိုင်ခွဲ၊ဗန်းဟွေးနမ်းခေါင်ရှိ တောအုပ်အတွင်း မြန်မာနိုင်ငံသားအမျိုးသား ၁၁ ဦး ၊အမျိုးသမီး ၁၉ ဦးစုစုပေါင်း ၂၇ ဦးဖမ်းဆီးခံရ ကြောင်းသိရသည်။
Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၅၇) ဦး တွေ့ရှိ
အောက်တိုဘာ ၂၅ ရက် ည ၈ နာရီမှ အောက်တိုဘာ ၂၆ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၁၀,၇၂၄ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၁၅၇ ဦး တွေ့ရှိပြီး ထပ်မံသေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်း အောက်တိုဘာ ၂၆ ရက် ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၄၈ ဦး ထပ်မံရောက်ရှိ
တောင်ကိုရီးယားနိုင်ငံတွင် ကုန်ထုတ်လုပ်သား၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် မြန်မာလုပ်သား ၁၄၈ ဦးသည် အောက်တိုဘာ ၂၅ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။
ကုန်ထုတ်လုပ်သား ၁၂၉ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား ၁၉ ဦး၊ စုစုပေါင်း ၁၄၈ ဦးသည် ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ နောက်ဆုံးနေ့တွင် ကျောက်စိမ်းအတွဲ ၅၁၉ တွဲရောင်းချခဲ့ရ
နေပြည်တော်၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ ခုနှစ်၊နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နောက်ဆုံးနေ့တွင် ကျောက်စိမ်းအတွဲ ၅၁၉ တွဲရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့်ခန်းမအပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို ပြည်တွင်း၊ပြည်ပရတနာကုန်သည်များက လေ့လာကြည့်ရှုကြသည်။
ထို့ပြင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၁၅၀၁ မှအတွဲအမှတ် ၂၁၅၀ အထိ ကျောက်မျက်အတွဲများကို ပြည်တွင်း၊ပြည်ပရတနာကုန်သည်များက ဈေးနှုန်းတင်သွင်းလွှာများအား တင်ဒါပုံးများအတွင်းထည့်သွင်းပြီး တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲ ၅၁၉ တွဲအား ရောင်းချပေးခဲ့ကြသည်။
အွန်လိုင်းမှအခွန်ဆောင်နိုင်ရန် အခွန်ရုံး ၇၅ ရုံး တိုးချဲ့
တစ်ယောက်ချင်း ပုဂ္ဂိုလ်အခွန်ထမ်းတွေအနေနဲ့ မိုဘိုင်းငွေပေးချေမှုနည်းလမ်းကို အသုံးပြုပြီး အွန်လိုင်းကနေ အခွန်ပေးဆောင်နိုင်ဖို့ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၇၅ ရုံးကို ထပ်မံတိုးချဲ့ထားတယ်လို့ ပြည်တွင်း အခွန်များ ဦးစီးဌာနက အသိပေးကြေညာပါတယ်။
Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၆၀) ဦး တွေ့ရှိ
(၂၄-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၁၇၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆၀) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၅၇) ရာခိုင်နှုန်း ရှိပါသည်။
အမြတ်ကျပ်သိန်း ၁၀၀ မကျော်လျှင် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြု
တရားဝင်မှတ်ပုံတင်ထားတဲ့ အသေးစား စက်မှုလက်မှု လုပ်ငန်းတွေအနေနဲ့ ၃ နှစ်ပြည့်တဲ့အထိ လုပ်ငန်းရဲ့ အမြတ်ငွေ ကျပ်သိန်း ၁၀၀ မကျော်ပါက ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုတယ်လို့ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနက သိရပါတယ်။ အသေးစား စက်မှုလက်မှု လုပ်ငန်းတွေအနေနဲ့ သက်ဆိုင်ရာဌာနမှာ မှတ်ပုံတင်ပြီး လုပ်ငန်းစတင် လုပ်ကိုင်တဲ့နှစ် ကနေ သုံးနှစ်အတွင်း အမြတ်ငွေ ကျပ်သိန်း ၁၀၀ ထက် မကျော်ပါက ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုနိုင်တာဖြစ်တယ် လို့ဆိုပါတယ်။ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေကို နည်းပညာတွေ ကူညီပေးတာရှိသလို၊ ကုန်စည်ပြပွဲ ပြိုင်ပွဲတွေမှာလည်း ပါဝင်ဆောင်ရွက်ခွင့်ရှိတယ်လို့ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်က ပြောပါတယ်။