
ဒီဇင်ဘာ ၁၅ ရက် နံနက် ၃ နာရီ ၁၆ မိနစ်က မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ အရှေ့ဘက် လေးမိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် အင်းဝရှေးဟောင်း ယဉ်ကျေးမှုဒေသ မင်းကွန်းမြသိန်းတန်စေတီ အပါအဝင် ရှေးဟောင်းစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ အင်အားအသင့် အတင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့ရှိ စေတီပုထိုးအချို့ စိန်ဖူးတော်မြေခခြင်းနှင့် ထိခိုက်မှု များဖြစ်ပေါ်ခြင်း၊ လူနေအိမ်အချို့ ထိခိုက်ခြင်း၊ အမရပူရမြို့နယ် တောင်သမန်အင်းစောင်းရှိ စေတီအချို့ စိန်ဖူးတော်မြေခြင်းနှင့် ထိခိုက်ခြင်း၊ အင်းဝရှေးဟောင်းယဉ်ကျေးမှုဒေသရှိ နန်းမတော်မယ်နုအုတ်ကျောင်းအပါအဝင် စေတီပုထိုးအချို့ စိန်ဖူးတော်မြေခခြင်းနှင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ စစ်ကိုင်း-မင်းကွန်းဒေသရှိ မင်းကွန်းပုထိုးတော်ကြီး အနည်းငယ်ထိခိုက်ပျက်စီးခြင်း၊ မင်းကွန်း မြသိန်းတန်စေတီတော်၏ စိန်ဖူးတော်မြေခခြင်းနှင့် အနည်းငယ်ထိခိုက်ပျက်စီးခြင်း၊ မင်းကွန်းပုထိုးတော်ရှိ ခြင်္သေ့ရုပ်ကြီး ထိခိုက်ပျက်စီးခြင်း အစရှိသည်တို့ ဖြစ်ပွားခဲ့့ကြောင်း စုံစမ်းသိရသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်