
နေပြည်တော် ပျဉ်းမနားတွင် အခကြေးငွေယူ၍ ပတ်စ်ပို့ ပြုလုပ်ပေးသူ အမျိုးသမီးအား ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း နစက က သတင်းထုတ်ပြန်သည်။
အဆိုပါ အမျိုးသမီးသည် မတ် ၇ရက်က နေပြည်တော်အသိုင်းအဝိုင်း “ Facebook Group ” တွင် “Win Min Thant” Facebook Account ဖြင့် နေပြည်တော် ရှစ်မြို့နယ် အိမ်ထောင်စုဖြင့် ပတ်စ်ပို့အမျိုးမျိုးကို ယုံကြည်စွာ အပ်နှံနိုင်ပါပြီ ဆက်သွယ်ရန် ဖုန်းနံပါတ် ၀၉-၄၂၂၁၁၆၁၆၁’ဟု ရေးသားဖော်ပြထားခဲ့မှုနှင့် ပတ်သက်၍ ဖော်ထုတ်အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။











