
ထိုင်းနိုင်ငံ(တောင်ပိုင်း)၊ စွန်ခရာခရိုင်၊ တောအုပ်ထဲရှိအမှိုက်ပုံ၌ မြန်မာနိုင်ငံသားဟုယူဆရသည့် အလောင်း သုံးလောင်းကို ယမန်နေ့ (မတ် ၁၅ ရက်) နံနက် ၇ နာရီတွင်တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။
အဆိုပါအလောင်းများကို ယတ်ယိုင်ဒေသနှင့် ဘန့်ကလန်းဒေသကြား လမ်းမကြီးနှင့် မီတာ ၂၀၀ ခန့်အကွာရှိ စွန့်ပစ်အမှိုက်ပုံ၌ အမှိုက်ကောက်သူတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှရွေ့ပြောင်း အလုပ်သမားများ ဖြစ်ကြောင်း၊ အသက် (၄၀) ဝန်းကျင်အရွယ်နှစ်ဦးနှင့် အသက် (၁၈)နှစ် အရွယ်တစ်ဦးတို့ဖြစ်ကြောင်း ထိုင်းသတင်း မီဒီယာများတွင် ဖော်ပြထားသည်။









