မတ် ၈ ရက်အထိ UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၉ ပါတီရှိ

ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၈ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ လာရောက်လျှောက်ထားသည့် ပါတီ ၁၉ ပါတီရှိကြောင်း  ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် (UEC) က ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ယနေ့ စတင် ဖြေဆို

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီကနေ့ မတ် ၈ ရက်မှာ စတင်ဖြေဆိုနေကြပြီဖြစ်ပါတယ်။ အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ ကျောင်းသားကျောင်းသူ ၁၇၉,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားတာဖြစ်ပါတယ်။ ဒီစာမေးပွဲကို  မတ် ၈ ရက်ကနေ ၁၈ ရက်အထိ ကျင်းပသွားမှာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် မွန်တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်

ာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် မွန်တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း မတ် ၇ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ကြောင်း သိရသည်။

ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းအား ပအိုဝ်းဒေသအထိ တိုးချဲ့ပြေးဆွဲသွားမည်

ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအား နစက ဥက္ကဋ္ဌမှ မတ် ၇ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌအား လုပ်ငန်းဆောင်ထွက်နေမှုများနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းက ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းအား ခရီးသွားများကို ဆွဲဆောင်နိုင်မည့် ရှမ်းပြည်နယ်၏ ထင်ရှားသောဘဝသံသရာရထားလမ်းတံတားပုံစံအတိုင်း တည်ဆောက်နေမှုနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့သည်။

BYD အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ထပ်မံရောက်ရှိလာ

Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD အမျိုးအစားလျှပ်စစ် သုံးယာဉ် ၁၉ စီး ထီးတန်းဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

မြန်မာအလုပ်သမား ၁၀၀၀ ကျော် တောင်ကိုရီးယားသို့ ထပ်မံရောက်ရှိ

EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၀၄၀ ဦး မတ် ၅ ရက်တွင် ထပ်မံရောက်ရှိခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများက အလုပ်သမား ၁၀၄၀ အား တောင်ကိုရီယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ပြည်တွင်း/ပြည်ပမှ ဆရာတော်များနှင့် သီလရှင်ဆရာကြီးများအား နစကဥက္ကဋ္ဌနှင့်ဇနီး တို့က ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်၊ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ကြည်ညို

၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားအား မတ် ၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြင်းခြံမြို့၊ကိုးဆောင်ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇောတိကပါလနှင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်(မြောက်ပိုင်း)၊ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ ဒေါက် တာ ဘဒ္ဒန္တစန္ဒနသာရတို့အမှူးပြုသည့် ဘွဲ့တံဆိပ်တော်ရ ပြည်တွင်း၊ပြည်ပဆရာတော်၊သံဃာ တော်များနှင့် သီလရှင် ဆရာကြီးများ ကြွရောက်တော်မူခဲ့ကြသည်။

ပါတီကော်မတီဝင်များစွမ်းရည်မြှင့်နည်းပြသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ တက်ရောက် ဖွင့်လှစ်

မတ် ၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သည့် ” ပါတီကော်မတီဝင်များ စွမ်းရည်မြှင့်နည်းပြသင်တန်း အမှတ်စဉ်(၁) ” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ (၆) ရက်နေ့ နံနက် (၉)နာရီအချိန်မှ (၁၀:၃၀)နာရီ အချိန်ထိ ပါတီဌာနချုပ်၊ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ တက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

မန္တလေးမြို့ရှိ မီနီအိုးဝေများ အဝါရောင်ပြောင်းလဲရမည်

မန္တလေးမြို့တော်စည်ပင်နယ်နမိတ်အတွင်း၌ပြေးဆွဲလျက်ရှိသည့် မီနီအိုးဝေများအားလုံးကို ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အဝါရောင်တစ်ရောင်တည်းအဖြစ် ပြောင်းလဲရမည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မြို့တွင်း)မှ အသိပေးနှိုးဆော်ခဲ့သည်။

မန္တလေးမြို့တော်အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရန်၊ ခရီးသည်များ လုံခြုံချောမွေ့စွာသွားလာမှု ပိုမိုအဆင်ပြေစေရန်နှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မီနီအိုးဝေများအားလုံးကို အဝါရောင်တစ်ရောင်တည်းအဖြစ် တပြေးညီပြောင်းလဲစေခြင်းဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်အတုများဖြင့်နယ်စပ်ဖြတ်သန်းသွား လာမှုများရှိ၍ စီစစ်အရေးယူနေ

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ၃ နှစ်ခန့်ယာယီပိတ်ထားခဲ့သည့် ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)အား ဖေဖော်ဝါရီ ၂၀ ရက်က နှစ်နိုင်ငံကူသန်းသွားလာမှုနှင့် ကုန်စည် ကူးသန်း ရောင်းဝယ်မှုများအဆင်ပြေစေရေးတို့အတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ်မှ ဖြတ်သန်းသွားလာမည့်သူများအနေဖြင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထိုးပြီးကြောင်း အ​ထောက်ထားပြသပါက ဖြတ်သန်းသွားလာခွင့်လက်မှတ်များကို သက်ဆိုင်ရာက ထုတ်ပေးလျက် ရှိသည်။ ထိုသို့ ဖြတ်သန်းသွားလာခွင့်လက်မှတ်များထုတ် ပေးရာတွင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်အတုများပြသ၍ ဖြတ်သန်းခွင့်လက်မှတ်လာရောက်ပြုလုပ်သူများရှိနေသဖြင့် တာဝန် ရှိသူများက စီစစ်အရေးယူမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။