လောင်းလုံး ဇန်နဝါရီ ၂၇
လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ ယမန်နေ့မွန်းလွဲ ၁ နာရီက လက်ဖက်ရည်စကားဝိုင်းဖွဲ့ဆွေးနွေးပွဲသို့ ခရိုင်အတွင်းရေးမှူးဦးကျော်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မောင် မြင့်၊ အတွင်းရေးမှူးဦးသိန်းသန်း၊ မြို့နယ် ကော်မတီဝင်များဖြစ်သော ဦးမင်းယုသန်း၊ ဦးတင်နိုင်၊ ဦးမင်းနိုင်၊ ဦးလေးလေး၊ ဦးမြင့်လွင်နှင့် ကျေးရွာစည်းမှူးများတက်ရောက်ခဲ့ပြီး ပါတီဝင်များစိစစ်ခြင်းနှင့် ပါတီဝင်အင်အားတိုးပွားခြင်းများကို ကျေးရွာစည်းမှူးများနှင့် အပြန် အလှန်ဆွေးနွေးကြသည်။
