သန်လျှင် ပြည်ခိုင်ဖြိုးပါတီမှ ဘေးကင်လုံခြုံ စိတ်ချရသော စာသင်ကျောင်း အခြေပြု ဘေးအန္တရာယ် လျော့ပါးရေး သင်တန်းနှင့် သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း

 

ယမန်နေ့ (၂၃-၁-၂၀၁၉) နံနက် (၉) နာရီ အချိန်တွင် သန်​လျင်​ မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာရှိ သဒ္ဓမ္မဇောတိကာရုံ ဘုန်းတော်ကြီးသင် ပညာရေးမူလွန်ကျောင်း၌ လူမှုဖွံ့ ဖြိုးရေးအသင်း ၊ Latter-Day Saint Charities (LDSC) အဖွဲ့နှင့် သန်လျင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီ တို့ ပူးပေါင်းဆောင်ရွက်သည့် ဘေးကင်းလုံခြုံ စိတ်ချရသော စာသင်ကျောင်းအခြေပြု ဘေး အန္တရာယ်လျော့ပါးရေး သင်တန်းအား ကျင်းပပြုလုပ်သည်။

သီပေါတွင် စာပေဟောပြောပွဲ ကျင်းပနိုင်ရေး အကြိုညှိ့နှိုင်းစည်းဝေး ကျင်းပ

 

သီ​ပေါ ဇန်​န၀ါရီ ၂၃

သီပေါမြို့ စာပေချစ်သူများ နှင့် ပေါင်းစပ်ကျင်းပမည့် စာပေဟောပြောပွဲကို ကျင်းပပြုလုပ်နိုင်ရေး မြို့နယ်ကော်မတီ လုပ်ငန်းညှိ့နှိုင်း အစည်းအဝေးကို ယမန်နေ့ (၂၃.၁.၂၀၁၉ )ရက်နေ့က သီပေါမြို့နယ် ပါတီရုံခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းစိန်လင်း ခရိုင်ပါတီကောင်မတီ ဦးအုန်းမောင် မြို့နယ်ဥက္ကဌ ဦးအောင်အောင် နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ကြပါသည်။

ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နယ်လှည့်ဆေးဝါးကုသပေးနေ

 

စစ်တွေ၊ ဇန်နဝါရီ ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ နယ်လှည့်ဆေးဝါးကုသပေးလျက်ရှိနေကြောင်း သိရသည်။

ယမန်နေ့က ကျောက်ဖြူမြို့နယ်၊ လိပ်​ခ​မော်​အုပ်​စု၊​ ဂေါ်တူ​ကျေးရွာတွင်​ ကျောက်ဖြူမြို့နယ် ပြည်​ခိုင်​ဖြိုးပါတီမှ နယ်​လှည့်​​ဆေးကုသပေးခဲ့ရာ ကျေးရွာဒေသခံ ၅၀ ကျော်လာရောက် ဆေးဝါးကုသမှု ခံယူခဲ့ကြကြောင်း သိရသည်။

တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ ကျန်းမာရေးကူညီမှု့များဆောင်ရွက်ပေး

 

ယမန်နေ့ (၂၃-၁-၂၀၁၉ ) ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင် ပါတီဥက္ကဌ ဦးဘိုစံ ခရိုင်/မြို့နယ် ပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ပါတီအမျိုးသမီးအဖွဲ့များသည် မိုင်းကိုးအုပ်စု၊ဟွေတာ(၂)ကျေးရွာပါတီအမျိုးသမီးခေါင်းဆောင် မဘူးဘို မှအကူအညီတောင်းခံထားသည့် မွေးလူနာ မဘူးချာအား နေအိမ်မှ သွားရောက် ခေါ်ဆို ခဲ့သည်။

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ လူမှုရေးအဖွဲ့အစည်းများတွေ့ဆုံ ကျေးရွာဖွံ့ဖြိုးရေးအတွက် အလှူငွေပေးအပ်

 

ကျောက်ဆည် ဇန်နဝါရီ ၂၃

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်းသည် ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင် များလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၁နာရီက ငါးအိုးကျေးရွာပါတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံရွာမိရွာဖ များတွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေး အတွက်အလှူငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီက ပြည်သူများသို့ ဆန်နှင့်ဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

 

ရန်ကုန် ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင်လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ဦးဆောင်၍ ယမန်နေ့ နံနက်၇နာရီမှစ၍ အလယ်ကျေးရွာ မြေတိုင်း(၂၂)တွင် ဆန်နှင့်ဆီ များကို အထူးလျှော့ဈေးနှုန်းဖြင့် ပြည်သူများသို့ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

နမ့်ပုံးပုံးရပ်ကွက် အလက(ခွဲ)ကျောင်း ပညာရေးစုံညီပွဲတော်သို့ မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီတက်ရောက် မိတ္တူကူးစက်လှူဒါန်း

 

မဘိမ်း ဇန်နဝါရီ ၂၃

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဇော်လွင်၊ အတွင်း ရေးမှူးဦးတင်ဝယ်၊ မြို့နယ်ပါတီ ကော်မတီဝင်ဦးခင်မောင်ရွှေ၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင် တို့သည် ယမန်နေ့က နမ့်ပုံးပုံးရပ် ကွက် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲ တော်သို့တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တာဝန်ရှိ သူများက အသီးသီးအမှာစကား ပြောကြားခဲ့ပြီး ထူးချွန်ဆုရကျောင်း သား ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

ဘကပညာရေး မူလွန်ကျောင်းပညာရည်ချွန်ဆုပေးပွဲသို့ ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီတက်ရောက်

 

ပန်းတနော် ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကဿ ဝင်ကျေးရွာအုပ်စု ကျက်ကျွန်းကျေးရွာရှိ ကျောင်းအုပ်ဆရာတော် ဦးဥတ္တမသာရ (နယ်လှည့်ဓမ္မကထိက အေးဝင်္ကဘာကျောင်းဆရာ တော်)ဖွင့်လှစ်သော သာသနာ့အလင်းရောင်ဘုန်းတော်ကြီးသင်ပညာ ရေးမူလွန်ကျောင်း၏၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ပညာရည် ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁နာရီက အဆိုပါ ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းမာပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ကနီ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသောင်းဟန်၊ အတွင်း ရေးမှူးဦးမြင့်စိုး၊ခရိုင်ပါတီကော်မတီဝင်များ၊ လေးမြို့နယ်မှ ပါတီဥက္ကဋ္ဌ များနှင့် ခရိုင်ဦးစီးရုံးအဖွဲ့များတက်ရောက်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များဆွေး နွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ဥက္ကဋ္ဌများက မိမိတို့မြို့နယ်အခြေ အနေများကို တင်ပြဆွေးနွေးကာ အစည်းအဝေးကိုမွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

ကောလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြို့ပင်ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်

 

ကောလင်း ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကြို့ပင်အုပ်စု ကြို့ပင်ကျေးရွာနေ ပြည်ခိုင်ဖြိုး ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးထိန်ဝင်းနေအိမ်၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။

ယင်းဆိုင်းဘုတ်တင်ပွဲသို့ ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင် သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ဦးရီ(ဆည်မြောင်းညွှန်မှူး၊ ငြိမ်း)၊ ရပ်မိရပ်ဖ များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ စုစုပေါင်းအင်အား ၃ဝ ကျော် တက်ရောက်ခဲ့ကြသည်။