ဖရူဆို မတ် ၁၂
ဖရူဆို မတ် ၁၂
မကွေး မတ် ၁၂
မကွေးတိုင်းဒေသကြီး စလင်းမြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဖွဲ့စည်းပုံအခြေခံ(၂ဝဝ၈)ပြင်ဆင်ရေးဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေး တက်ရောက်အမှာစကားပြောကြားခဲ့သည်။ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသော ပြည်ခိုင်ဖြိုး ပါတီဝင်များ မိတ်ဖက်အဖွဲ့အစည်းများ၊ လေ့လာသူများ နိုင်ငံတော် အလံကိုအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းကို ပြိုင်တူသီဆိုခြင်းများ ပြုလုပ်သည်။
(၁၂.၃.၂၀၁၉)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ရမည်းသင်းပြည်ခိုင်ဖြိုးပါတီရုံး၌ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အကြောင်းသိကောင်းစရာဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းပါတီကော်မတီဝင်များ၊ ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ ရမည်းသင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်ကော်မတီဝင်များ၊ ရမည်းသင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဝင်းနှင့်ကော်မတီဝင်များ၊ ပျော်ဘွယ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့်ကော်မတီဝင်များ၊ ရမည်းသင်းမြို့နယ်၊ပျော်ဘွယ်မြို့နယ်တို့မှ ရပ်/ကျေးပါတီဥက္ကဋ္ဌများ စုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
#ZawAungHtet
မတ် ၁၁ ရက် ၂၀၁၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲအား တန့်ဆည်မြို့နယ် ကုန်စွာကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဆိုင်းဘုတ်တင်ပွဲသို့မြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်ဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးကြီးညို ဦးဖိုးကျော် တို့ တက်ရောက်ကြ၍ ကျေးရွာရပ်မိရပ်ဖများနှင့်နိုင်ငံရေး စီးပွားရေး လူမှုရေးများဆွေးနွေးနှီးနှောဖလှယ်ကြပြီးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။
မန္တလေးတိုင်းဒေသကြီးကျောက် ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုး စိုးထွန်းသည် ပါတီကော်မတီဝင် များလိုက်ပါလျက် ယမန်နေ့ နံနက် ၈ နာရီခွဲက ကလိုင်ကျော်ကျေးရွာ အုပ်စုသို့သွားရောက်၍ ပါတီဝင် အသိအမှတ်ပြုကတ် ပေးအပ်ခဲ့ ကြောင်း သိရသည်။
မတ်လ၁၁
ယမန်နေ့ (၁၁-၃-၂၀၁၉) ရက်နေ့  နံနက် (၉) အချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်သည်။
နိုင်ငံရေးမွမ်းမံသင်တန်း ၁/၂၀၁၉ ရက်တို သင်တန်းဖွင့်ပွဲသို့ ပြည်နယ်ပါတီအတွင်းရေမှူး ဦးစိုင်းကျော်လှနှင့်မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းမုန့် တို့ မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသို့ ရပ်ကျေးပါတီဥက္ကဌနှင့်အဖွဲ့ ဝင်များ အမျိုးသမီးရေးရာ ကောင်မတီဝင်များ လူငယ်ရေးရာကော်မတီဝင်များမြို့နယ်ပါတီ ကော်မတီဝင်များ စုစုပေါင်းအင်အား (၅၅) ဦး တက်ရောက်ခဲ့ကြသည်။
မတ်လ ၁၁
ယမန်နေ့(၁၁-၃-၂၀၁၉)ရက်န့ ညနေ(၄း၀၀)နာရီမှ (၅း၂၀)နာရီအချိန်အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အပ်ါထပ် သီးသန့်အစည်းအဝေးခန်းတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး နိုင်ငံရေးအရာရှိနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးကြပါသည်။
ဗန်းမော် မတ် ၁၁
ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမူကြီးကျေးရွာအုပ်စုပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဆိုင်းဘုတ်အသစ် စိုက်ထူပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၇ နာရီ ခွဲက စီမူကြီးကျေးရွာအုပ်စု နတ် လှန်ကျေးရွာပြည်ခိုင်ဖြိုးပါတီကော် မတီဝင်ဦးဌေးသောင်၏နေအိမ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မဘိမ်း မတ် ၁၁
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ ပါတီအတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဦးလင်းလင်းတို့သည် ယမန်နေ့ နံနက် ၁ဝ နာရီက ခိုတာကျေးရွာတွင် (၁၈)ကြိမ် မြောက် အဝတ်လျှော်ပန်းကန်ဆေးဆပ်ပြာ ရည်ပြုလုပ်နည်းကို သင်ကြားပေးခဲ့ရာ အမျိုးသမီး ၃၅ဦး တက်ရောက်ခဲ့ကြသည်။
အင်းတော် မတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အင်းတော်မြို့နယ် နမီးကျေးရွာအုပ်စု၊ ကုန်းခါးကျေးရွာအုပ်စု တို့တွင် အောင်သပြေ၊ အမွှေးနံ့သာရည်ပက်ဖျန်းကာ ပါတီဆိုင်းဘုတ်တင် ခြင်းနှင့် ရေနွေးကြမ်းစကားဝိုင်းဆွေးနွေးခြင်းကို ကျင်းပခဲ့သည်။