၁-၄-၂၀၁၉ နေပြည်တော်
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှင့် ရုံး စိုက်ထူဖွင့်လှစ်ပွဲ ကို အောင်သုခကျေးရွာ ရွာလယ်လမ်းမရှိ ဦးအောင်ပိုင်မင်း၏ ခြံဝင်းတွင် ဧပြီလ (၁) ရက်နေ့ နံနက် (၈) နာရီက ကျင်းပရာ ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့် နယ်မြေတာဝန်ခံ ဒေါ်ယဉ်မင်းမြင့်ဆွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
