မန္တလေး ဧပြီ ၂
ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင် ဖြိုးပါတီမှဖွင့်လှစ်ထားသော တံခွန် အားမာန် လူမှုကူညီရေးအသင်း အခမဲ့တိုင်းရင်းဆေးပဒေသာပင် အတွက် အလှူငွေကျပ် ၁ဝဝဝဝဝ ကို ယမန်နေ့ နံနက် ၁၁နာရီက မြို့နယ် ပါတီရုံးရှိ အဆိုပါလူမှုရေးအသင်း တွင်အလှူရှင်ဦးနိုင်လင်းမိသားစုက ပေးအပ်လှူဒါန်းခဲ့သည်။
တိုင်းရင်းဆေးပဒေသာပင် အတွက် အလှူငွေအား အလှူရှင် မိသားစုကပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့သည်။
