ရေနံချောင်း မတ် ၅
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)ပြင်ဆင်ရေးဆိုင်ရာသိကောင်း စရာများရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရေနံချောင်းမြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။ရှေးဦးစွာ နိုင်ငံတော်သီချင်း သီဆိုပြီး အခမ်းအနားအစီအစဉ်အရ ရေနံချောင်း မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင် ဝင်းကမြို့နယ်ဆိုင်ရာစည်းရုံးရေး ဆောင် ရွက်ချက်များကိုလည်းကောင်း၊ပြည်ခိုင်ဖြိုး ပါတီဗဟို အလုပ်အမှုဆောင် မကွေးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင် မောင်ဌေးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစော ဝင်းမောင်က အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာများကိုလည်းကောင်း အသီးသီး ပြောကြားခဲ့သည်။