ရန်ကုန် မတ် ၂၅
သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ယမန်နေ့ ညနေ ၆ နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လမ်းအလိုက် ပါတီတာဝန်ခံများ၊ ရပ်ကွက်အလိုက် ရပ်မိရပ်ဖများတွေ့ဆုံပွဲနှင့် ညစာစားပွဲကို ကျင်းပခဲ့သည်။
ရန်ကုန် မတ် ၂၅
သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ယမန်နေ့ ညနေ ၆ နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လမ်းအလိုက် ပါတီတာဝန်ခံများ၊ ရပ်ကွက်အလိုက် ရပ်မိရပ်ဖများတွေ့ဆုံပွဲနှင့် ညစာစားပွဲကို ကျင်းပခဲ့သည်။
ကနီ မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီးယင်းမာ ပင်ခရိုင်ကနီမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့ နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသောအမှတ် (၁)ရပ်ကွက်မှ မြို့နယ်အတွင်းရေးမှူး၏မိခင်ထံသို့ ယမန်နေ့က သွားရောက်အားပေး စကားများ ပြောခဲ့ကြသည်။
ဆေးကုသမှုခံယူနေသော မြို့ နယ်အတွင်းရေးမှူး၏ မိခင်ထံသို့ ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ မြို့နယ်ပါတီကော် မတီဝင်များနှင့်ဦးစီးရုံးဝန်ထမ်းများ သွားရောက်၍ အားပေးစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်၍လိုအပ်သည်များ ဆောင် ရွက်ပေးခဲ့ကြသည်။
ပန်းတနော် မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင်ပန်းတနော် မြို့အိုးဘိုကျေးရွာအုပ်စု သဲကုန်းကျေးရွာတွင် အလှူ ရှင်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဦးငြိမ်းမြိုင်၊ ဒေါ်ခင်ရီမိသားစုကတံတားနှင့် ကျွဲ လမ်း၊တာလမ်းတို့အား ဆောက်လုပ်လှူဒါန်းပေးရာ စုစုပေါင်းငွေကျပ်သိန်း ၁၄ဝ ကုန်ကျခဲ့ပြီး ယမန် နေ့နံနက် ၇ နာရီတွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။
ထားဝယ် မတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက် ကျေးရွာအုပ်စုကော်မတီဝင်များ မွမ်းမံ သင်တန်း(၁/၂ဝ၁၉)ဖွင့်ပွဲကို တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တက်ရောက်ခဲ့သည်။အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
မြစ်သား မတ် ၂၅
မြစ်သားမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက်၉ နာရီက မင်းလယ်ကျေးရွာ ပါတီ ဥက္ကဋ္ဌ ဦးအုန်းရွှေနေအိမ်တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်ကအမွှေးနံ့သာရည် များဖြင့် ပက် ဖျန်း၍ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းကုန်း မတ်၂၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကျောင်းကုန်းမြို့နယ် ထန်း တပင်ကျေးရွာအုပ်စု ထန်းတပင် ကျေးရွာတွင် ပြည်သူများနှင့် ကျောင်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် များသည် ရပ်မိရပ်ဖများ၊ ပါတီဝင် များနှင့်တွေ့ဆုံ၍လွှတ်တော်အတွေ့ အကြုံများနှင့်ဒေသဆိုင်ရာဖွံ့ဖြိုး ရေးများအားယနေ့တွေ့ဆုံရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
သရက်ချောင်း မတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး သရက် ချောင်းမြို့နယ် ပဲဒက်ကျေးရွာအုပ်စု ပဲဒက် စံပြကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက လက်တွေ့စည်းရုံး ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၃/၂ဝ၁၉) ကို ဖွင့်လှစ်ခဲ့သည်။
ကျောက်ကြီး မတ် ၂၅
ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယမန်နေ့ နံနက် ၉နာရီခွဲတွင် မြို့နယ်ပါတီရုံး၌ကျင်းပသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသိကောင်း စရာဆွေးနွေးပွဲအား ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှ သိန်းနှင့် တောင်ငူခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ ကျောက်ကြီးမြို့နယ် တာဝန်ခံဦးကျော်ဌေးနှင့် ခရိုင် အတွင်းရေးမှူးတို့တက်ရောက်ခဲ့ကြ ပြီးအဆိုပါဆွေးနွေးပွဲအားကျောက် ကြီးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးလှဘုန်း နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ၄၁ အုပ်စုမှ ပါတီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲအား နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာပြီးဆုံးခဲ့ ကြောင်း သိရသည်။
ရေကြည် မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင်ရေကြည်မြို့နယ်ငါးသိုင်းချောင်း မြို့နယ်ခွဲလက်ပံပင် ကျေးရွာအုပ်စု လက်ပံပင်ကျေးရွာဦးသန့်ဇင်ဦးပါတီ ဥက္ကဋ္ဌအိမ်နှင့် ဂွေးတောက်အုပ်စု မြောက်စမ်းကျေးရွာဦးတင့်အောင် ပါတီဥက္ကဋ္ဌအိမ်တွင် ယမန်နေ့ နံနက် ၉နာရီကပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့်ရေနွေးကြမ်းစကား ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာ မတ် ၂၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များက ဗုဒ္ဓ သာသနာ အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ဆင်းတုအဆူ ၉ဝနှင့်ဘုရားကျောင်းဆောင် တို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။