ကျောက်ဖြူ၊ ဇွန်(၂၃)
ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ (၂၃-၆-၂၀၁၉) နေ့ နေ့လည် (၂း၀၀) အချိန်တွင် ပြည်နယ်ပါတီ အတွင်းရေးမှူးနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ကျောက်ဖြူ၊ ဇွန်(၂၃)
ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ (၂၃-၆-၂၀၁၉) နေ့ နေ့လည် (၂း၀၀) အချိန်တွင် ပြည်နယ်ပါတီ အတွင်းရေးမှူးနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ပဲခူး ဇွန် ၂၃
ပဲခူးမြို့နယ် ပါတီဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှု၊ အတွင်းရေးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပါတီ ကော်မတီ ဝင်များနှင့် လူငယ်အဖွဲ့ဝင်များသည် ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေး အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ပြီး ခြင်ဆေးဖျန်းခြင်း လုပ်ငန်းအား စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက် ရှိသည်။
ဖာပွန် ဇွန် ၂၃
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ပါတီရေးရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားကို ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့် ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်း နိုင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ နာယကများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ခဲ့သည်။
ဇွန် ၂၄၊ ဆိပ်ဖြူ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ ဦးပိုက်ထွေးသည် ၂၄-၆-၂၀၁၉ ရက်နေ့ တနလာင်္နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်း/ခရိုင်/ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။
ရန်ကုန် ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့နှင့် ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့တို့ ပူးပေါင်း၍ သုံးခွမြို့နယ် ကျောင်းစု ပတုပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၇ နာရီခွဲက စုပေါင်းလုပ်အားဒါန ပြုကြကြောင်း သိရသည်။ ယင်းစုပေါင်း လုပ်အားဒါန ပြုလုပ်ရာသို့ သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမောင်မောင်သင်နှင့် ကော်မတီဝင်များ၊ ခရမ်းမြို့နယ် ပါတီကော်မတီဝင်များ၊ သုံးခွမြို့နယ် ပါတီ လူငယ်တာဝန်ခံ ကိုရဲသီဟနှင့်အဖွဲ့၊ ခရမ်းမြို့နယ် ပါတီလူငယ်တာဝန်ခံ ကိုမျိုးဇော်ဦးနှင့် အဖွဲ့တို့ ပူးပေါင်းအင်အား ၈ဝ တို့ လုပ်အားဒါန ပြုလုပ်ပေးကြကြောင်း သိရသည်။ကြည်စိုးလွင်(သုံးခွ)
ချောက် ဇွန် ၁၉
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ နံနက် ၇ နာရီက ချောက်မြို့ အပူရှိန် လျော့ကျရေး သစ်ပင်စိုက် ပျိုးရေးပွဲသို့တက်ရောက် လုပ်အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးရေး ပွဲတော်သို့ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ အတွင်းရေးမှူး ဦးသန်းလှိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်နှင့် အမျိုးသမီးရေးရာ ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဝင်များ တက်ရောက်လုပ်အားပေး ခဲ့ကြကြောင်း သိရသည်။
တနင်္သာရီ ဇွန် ၁၉
ဇွန်လ ၂၀
ယနေ့ ၂၀-၆-၂၀၁၉ ရက်နေ့ ၉းဝဝ အချိန်တွင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အုတ်တွင်းမြို့က သစ်တန်းရပ်ကွက် ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်းစကားဝိုင်းကို ကသစ်တန်း ရပ်ကွက်ပါတီဥက္ကဌ ဦးရဲမြင့် နေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ ပါသည် ။
မိုးညှင်း ဇွန် (၂၀)
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မရင်းကုန်းကျေးရွာ အုပ်စုတွင် ယနေ့ ဇွန်လ ၂၀ ရက် နံနက် ၉းဝဝ အချိန် မြို့နယ်ကော်မတီဝင် ဦးကြည်မောင် နေအိမ်တွင် ပြည်ခိုင်ဖြိုးပာတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပ ခဲ့သည်။
ရန်ကုန် ဇွန် ၁၈