နေပြည်တော် ဇူလိုင် ၈
နေပြည်တော် ဇူလိုင် ၈
ပခုက္ကူ ၊ ဇူလိုင် ၈
ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် စဘေအုပ်စုအနောက်စဘေ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည့် ယဉ်ကျေးလိမ္မာ ဓမ္မစကူးသင်တန်းဖွင့်ပွဲအတွက် ပြည်ခိုင်ဖြိုးခရိုင် ပါတီဥက္ကဌ ဦးသိန်းထွန်း၊ ခရိုင်ပါတီကော်မတီဝင် ဦးစိန်မြင့်၊ မြို့နယ်ကော်မတီဝင် ဦးစန်းမြင့် (ဘဏ္ဍာရေးမှူး)၊ အမျိုးသမီးရေးရာဥက္ကဌ ဒေါ်ကြည်သိန်းဦး၊ မြို့နယ်ကော်မတီဝင် များသည် စဘေအုပ်စုအနောက် စဘေဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည့် ယဉ်ကျေးလိမ္မာ ဓမ္မစကူး သင်တန်းဖွင့်ပွဲသို့ တက်ရောက်ပြီး အလယ်တန်းအဆင့် ပထမဆုကို ခရိုင်ဥက္ကဌ ဦးသိန်းထွန်း၊ ဒုတိယဆုကို ခရိုင်ကော်မတီဝင် ဦးစိန်မြင့်၊ တတိယဆုအား ဆာကျင်ကျေးရွာ ဥက္ကဌတို့မှ အသီးသီးချီးမြှင့် ခဲ့ပါသည်။
ရန်ကုန် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (တိုင်းပါတီနာယက) ဒေါက်တာ ခင်မောင်ထွန်းနှင့်ဇနီး ဒေါ်ဥမ္မာသန်း (ထက်လင်းနှင့် ရွှေခေါင်းပေါင်း) တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေး မိသားစုနှင့် မြို့နယ်ပါတီမိသားစုများက မြို့နယ်အတွင်းရှိ အသက် ၉ဝ နှင့်အထက် အဘိုး အဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ကာ လှူဒါန်းမှုများပြုလုပ်ခဲ့ကြသည်။
ရန်ကုန် ဇူလိုင် ၇
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် အမှတ် (၁ဝ) ရပ်ကွက်တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
မင်္ဂလာဒုံ ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး ၊မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ရပ်ကွတ်ရှိ အာယုဒီကပျိုးဥယျာဉ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အရိယဝံသ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္တဝါစကပဏ္ဋိတ သက်တော် (၇၉) ဝါတော် (၆၀) ၏ အန္တိမဈာပန အခမ်းအနားတွင် မင်္ဂလာဒုံမြိုနယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့မှ ဦးဆောင်ပြီး အအေးစတုဒီသာ တိုက်ကြွေးလှူဒါန်းပြီး နောက်ဆုံးပူဇော်ခြင်းဖြင့် ကုသိုလ်ပြုပူဇော်ခဲ့ကြောင်း သိရှိရသည်။
စလင်း ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ကန်ပြားကျေးရွာ၌ ယမန်နေ့ နံနက် ၉နာရီတွင် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့သည်။ မင်္ဂလာအချိန်တွင် ပြည်ခိုင်ဖြိုး ရပ်ကျေးပါတီ ဆိုင်းဘုတ်ကို စိုက်ထူကြပြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းခိုင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ပါတီဘဏ္ဍာရေးမှူး ဒေါ်နွယ်နီနိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးဝင်းခိုင်၊ ဦးဌေးအောင်၊ ဦးစိုးဝင်း၊ ဦးညွန့်လှိုင်တို့နှင့် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးသာချို၊ ပါတီရပ်ကျေးကော်မတဝင် ဦးထွန်းမင်း၊ ဦးအောင်မျိုးသက်တို့က ရပ်ကျေးပါတီ ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
လွိုင်ကော် ဇူလိုင် ၇
ကယားပြည်နယ် လွိုင်ကော် မြို့နယ် ထီးစဲခါးကျေးရွာအုပ်စု ဒေါတဟေးရွာ ဦးလှရယ်နေအိမ် တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွိုင်ကော်မြို့နယ် ထီးစဲခါး ကျေးရွာအုပ်စု ခေါတဟေးရွာတွင် ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ရန်ကုန် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီ၊ လူငယ်ရေးရာကော်မတီနှင့် အလုပ်သမား ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မော်တာနင်းစက်ချုပ် (အခမဲ့) သင်တန်း အမှတ်စဉ် (၁/၂ဝ၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို လှိုင်သာယာမြို့နယ် ပါတီရုံးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန် ဇူလိုင် ၇
ဘားအံ ဇူလိုင် ၇
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်၊ ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးတို့သည် ယမန်နေ့ နံနက် ၉ နာရီက ကရင်ပြည်နယ်ပါတီရုံး၌ ပြုလုပ်သော လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ သည်။