
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ပြည်ပသို့အလုပ်သမားစေလွှတ်သည့် စေလွှတ်လချုပ်စာရင်းပေးပိုရန် ကျန်ရှိသည့် အေဂျင်စီ (၅၅)ခုကို အချိန်မီ လာရောက်ပေးပို့ရန် အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။
အဆိုပါ အေဂျင်စီများအနေဖြင့် အချိန်မီပေးပို့ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။
ပြည်ပသို့ လုပ်သားစေလွှတ်သည့် အေဂျင်စီများ အနေဖြင့် လစဉ် စေလွှတ်ခဲ့သည့် အလုပ်သမားစာရင်းကို လစဉ်အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့ရခြင်းဖြစ်သည်။
ယခင်က စာရင်းပေးပို့ရန်ပျက်ကွက်သည့် အေဂျင်စီများကို ဒဏ်ကြေးကောက်သည့်အပြင် အလုပ်ခေါ်စာအသစ်တင်ခွင့်ကိုပါ ဆိုင်းငံ့သည်အထိ အရေးယူမှုများရှိခဲ့ပြီး လက်ရှိတွင်လည်းအေဂျင်စီအချို့သည့် မူဝါဒအပြောင်းအလဲများကြော င့် ပြည်ပသို့ အလုပ်သမား မစေလွှတ်နိုင်ကြောင်းလည်း သိရသည်။
ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့်အတွက် အေဂျင်စီ (၆၀၀)ကျော် အကျိုးဆောင်လိုင်စင် ရယူထားကြောင်း သိရသည်။ #Popular



