တနင်္သာရီ သြဂုတ် ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ တနင်္သာရီမြို့နယ် ရေကြီးနစ်မြုပ်သည့် အိမ်ထောင်စုများ အတွက် ဆန်များပေးအပ် လှူဒါန်းခဲ့ရာ တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့မှ ယမန်နေ့ နံနက် ၈ နာရီခွဲက စုပေါင်းဝန်ထမ်းအဆောင်နှင့် မြို့နယ်ပညာရေးမှူးရုံး အဆောင်တို့တွင် နေထိုင်ကြသော ဝန်ထမ်း များအား ဆန်များထောက်ပံ့လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။
