ရန်ကုန် ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီမှ အမှတ် (၂) ရပ်ကွက်သို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်၍ ရေနွေးကြမ်းစကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန် ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီမှ အမှတ် (၂) ရပ်ကွက်သို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်၍ ရေနွေးကြမ်းစကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန် ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ (၁) ရပ်ကွက် မာဃလမ်းရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ ဥက္ကဋ္ဌနှင့်ပါတီ ကော်မတီဝင်များ လပတ်အစည်းအဝေး ပြုလုပ်ရာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုက အဖွင့်အမှာစကား ပြောကြားကြောင်း သိရသည်။
လွိုင်ကော် ဇူလိုင် ၁
ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် မြန်မာအမျိုးသမီးများ နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အဖွဲ့မှ ပထမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပရာ လာရောက်လှူဒါန်းသူ ၃ဝ ကျော်အနက် သွေးဖောက်စစ်ဆေးရာ စုစုပေါင်း ၁ဝ ဦး သွေးလှူဒါန်းနိုင်ခဲ့ပြီး သွေးလှူဒါန်းသူများအား ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ဒေါရစ်လေးက အာဟာရအတွက် သွေးလှူရှင်တစ်ဦးကို ကြက်ဥ ၁ဝ လုံးစီ ပေးအပ် လှူဒါန်းပြီး ၄င်းသွေးလှူရှင်များအား နေ့လယ်စာဖြင့် ကျွေးမွေးခဲ့သည်။
နတ်မောက် ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုး၊ ပါတီအတွင်းရေးမှူး ဒေါ်အေးမာ ကြူနှင့် ပါတီရုံးဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းတွင် နတ်မောက်မြို့နယ် တောင်ဘက် ကြီးကျေးရွာအုပ်စု ဆုံကုန်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ ခဲ့ကြောင်း သိရသည်။
ထန်းတပင်၊ ဇူလိုင် ၁
ဇူလိုင် ၁၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ-ဒေါ်စန်းစန်းနွယ်နှင့် ဗဟိုကော်မတီဝင် ဒေါက်တာနေလင်း ရန်ကုန်တိုင်းပါတီ ကော်မတီဝင် ဦးသန်းမြင့်၊ ဦးမိုးဝင်းကျော်၊ ဒေါ်စန်းစန်းဝင်း၊ တိုင်း ကော်မတီဝင်များ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌဦးတင်ယုနှင့် ခရိုင်ကော်မတီဝင်များ ထန်းတပင်မျြို့နယ် ပြည်ခိုငိဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းရီနှင့် မြို့နယ်ကော်မတီဝင်များ ထန်းတပင်မြို့နယ် ရေဖြူကျေးရွာအုပ်စု ညောင်သုံးပင် ကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ နံနက် (၈) နာရီအချိန် အမျိုးသမီးနှင့် လူငယ် စကားဝိုင်း ကျင်ပးကြောင်း သိရသည်။
ကျိုက်ထို၊ ဇွန် ၃၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ဗဟို အလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပါတီ အတွင်းရေးမှူ ဦးဝင်းမော်ဦး၊ ပြည်နယ်ပါတီကော်မတီဝင်များ သထုံခရိုင် ပါတီဥက္ကဌနှင့် ခရိုင်ပါတီကော်မတီဝင်များ တက်ရောက်ချီးမြှင့် ခဲ့ကြသည်။
နေပြည်တော် ဇွန် ၃ဝ
နေပြည်တော် ဇေယျာသီရိမြို့ ကျောက်ချက်ကျေးရွာ၊ ဓမ္မသုခ လယ်ပြင်ကျောင်းတိုက်၌ ကျင်းပသော ၂ဝ၁၇/ ၂ဝ၁၈ ဓမ္မစကူးလ် ဆုရကျောင်းသားများ ဆုချီးမြှင့်ပွဲ နှင့် ၂ဝ၁၈/၂ဝ၁၉ ဓမ္မစကူးလ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦး ဇွန် ၃ဝ
ညောင်ဦးမြို့ အမှတ် (၅) ရပ်ကွက် ရပ်ကွက်စည်းရုံးရေးဥက္ကဋ္ဌ ဒေါ်ရီရီဌေး နေအိမ်တွင်လည်းကောင်း၊ အမှတ် ၆ ရပ်ကွက် အောင်မြေသာရပ်ရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ စည်းရုံးရေးဥက္ကဋ္ဌ ဦးကြည် နေအိမ်တွင် လည်းကောင်း၊ တစ်ရက်တည်းနှင့် ရပ်ကွက်နှစ်ခုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှစ်ခု စိုက်ထူပေးခဲ့ကြောင်း သိရသည်။
ကလေး ဇွန် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့ပေါ်ရပ်ကွက် ရပ်ကျေးဆိုင်း ဘုတ်တင်ရန် ကျန်ရှိနေသော တောင်ဇလပ်ရပ်ကွက် ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးအဲမောင်နေအိမ်တွင် ယမန်နေ့ နံနက် ၈နာရီခွဲက ပါတီဆိုင်းဘုတ်အား ခရိုင်ပါတီဝင်များနှင့် မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ မြို့နယ်ပါတီ ကော်မတီဝင်များက ဆိုင်းဘုတ်စိုက်ထူပြီး ရပ်ကျေးပါတီဝင်များနှင့် ရေနွေးကြမ်းစကားဝိုင် ပြုလုပ်ခဲ့သည်။