မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာမြေပြိုမှုဖြစ်စဉ်မှာ သေဆုံးသူ (၅၉)ယောက်အထိ ရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သြဂုတ်(၁၂)ရက်ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မြေပြိုမှုဖြစ်ပွားခဲ့တဲ့ သြဂုတ်(၉)ရက်ကနေ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရာ သြဂုတ်(၁၂)ရက် ညနေအထိ စုစုပေါင်းသေဆုံးသူ(၅၉)ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သြဂုတ်(၉)ရက်မနက်ပိုင်းက တောင်စောင်းပြိုကျတဲ့ ဖြစ်စဉ်ကြောင့် နေအိမ်(၂၀)လောက် မြေကြီးအောက် နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြည်ခိုင်ဖြိုးပါတီ တိုင်းရင်းသားရေးရာ ကော်မတီဝင် မိသားစု သိမ်တော်ဆောက်လုပ်ရန် အလှူငွေမတည် လှူဒါန်း
စစ်တွေ သြဂုတ် ၈
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ စေတီယတောင် ပေါ်တွင်ရှိသည့် အသီတိသာဝက ရှစ်ကျိပ်ဆောင်ဘုရား သိမ်တော် ဆောက်လုပ်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် တိုင်းရင်းသား ရေးရာကော်မတီဝင် ဦထွေးလှ (ဗဟိုကော်မတီဝင်) နှင့်ဇနီး ဒေါ်စန်းစန်းမော် မိသားစုက အလှူငွေကျပ် ၂၅ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ဖျာပုံမြို့နယ် ရပ်ကျေးပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ
ဖျာပုံ သြဂုတ် ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် နှင့် ဒေါက်တာ မြတ်မြတ်အုန်းခင်တို့သည် ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ယမန်နေ့ နံနက် ပိုင်းက တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်၊ ရပ်/ ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ
ရန်ကုန် သြဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမတွင် ယနေ့နံနက် ၁ဝ နာရီက ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီအလုပ်အမှုဆောင် များဖြစ်ကြသော တိုင်းဒေသကြီးပါတီ တာဝန်ခံ ဦးခင်ရီ၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့က ဆိပ်ကြီး ခနောင်တိုမြို့နယ် အတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
သြဂုတ် ၇၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၇-၈-၂၀၁၉ ရက်နေ့ နံနက် ၀၉း၀၀နာရီ အချိန်တွင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ် ခဲ့ကြပါသည်။ အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ပြည်ထောင်စု နယ်မြေ ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြ ပါသည်။
ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးထု တွေ့ဆုံပွဲ ကျင်းပ
ရန်ကုန် သြဂုတ် ၆
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ လှုပ်ရှားမှုပြုလုပ်
ရန်ကုန် ၊သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သည့် အမျိုးသမီးရေးရာ လှုပ်ရှားမှုအဖြစ် အခြေခံစက်ချုပ် သင်တန်းသူများအား သင်တန်းအားလပ်သည့် အချိန်များတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က မုန့်ဟင်းခါးချက်ပြုတ်နည်းများနှင့် အိမ်တွင်းအသုံး ဆောင်ပစ္စည်း ဖြစ်သည့် ဆပ်ပြာအဆီ ပြုလုပ်နည်းများ၊ လက်တွေ့ပြသပြုလုပ်ခဲ့ကြရာ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ် တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်တို့မှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ
ဒေးဒရဲ သြဂုတ် ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဒေးဒရဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ဒေါက်တာမြတ်မြတ်အုန်းခင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီကော်မတီဝင်များ၊ ဒေးဒရဲမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။
တိုင်းဒေသကြီးပါတီ ဒုတိယဥက္ကဋ္ဌနှင့် အမြဲစိမ်းအမျိုးသမီးအဖွဲ့ တွေ့ဆုံ
ပေါက်ခေါင်း
ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးရေးရာ ဒုတိယ တာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်၊ တိုင်းပါတီအမျိုးသမီးရေးရာ တာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်ထားထား နု၊ ပြည်ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ ပေါက်ခေါင်းမြို့နယ် ပါတီအတွင်းရေးမှူး ဦးလှိုင်မြင့်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ပေါက်ခေါင်းမြို့နယ် ရပ်သစ်အုပ်စု ဆည်တော်ဦးရွာ (အမြဲစိမ်း) အမျိုးသမီး အဖွဲ့နှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံစကားပြောကြားပြီး တိုင်းပါတီ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ထားထားနုက ဆပ်ပြာရည်လုပ်နည်းကို လက်တွေ့သင်ကြားကာ ဆပ်ပြာရည်ဗူးများအား ပေးအပ်ခဲ့ပါသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာလှုပ်ရှားမှု ပြုလုပ်
ရန်ကုန် သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သည့် အမျိုးသမီးရေးရာ လှုပ်ရှားမှုအဖြစ် အခြေခံစက်ချုပ် သင်တန်းသူများအား သင်တန်းအားလပ် သည့်အချိန်များတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က မုန့်ဟင်းခါးချက် ပြုတ်နည်းများနှင့် အိမ်တွင်းအသုံး ဆောင်ပစ္စည်းဖြစ်သည့် ဆပ်ပြာအဆီ ပြုလုပ်နည်းများ၊ လက်တွေ့ပြသ ချက်ပြုတ်ပြုလုပ်ခဲ့ကြရာ ပါတီဗဟို အတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။