
ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ နှင့် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်း ထွက်နေသော အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလက်၏ တန်ဖိုးကို လီဗာပူးက ယူရို ၂၂၅ သန်း သတ်မှတ်ထား ကြောင်း စပိန်အားကစားသတင်းဌာနများ က ဖော်ပြသည်။
ဆာလက်သည် ၎င်း၏ ဘောလုံးသမားဘဝခြေစွမ်း အကောင်းဆုံးအချိန်အဖြစ် ၄၃ ပွဲတွင် ၃၇ ဂိုး သွင်းယူ ထားခြင်းကြောင့် ဥရောပ ထိပ်တန်းကလပ်များ၏ စိတ်ဝင်စားခြင်း ခံနေရသည်။








