ဂျာမနီပြည်တွင်းလိဂ် ပွဲစဉ်တစ်ပွဲမှာ နည်းပြဖြစ်သူ ရုတ်တရက် နှလုံးဖောက်လာတာကြောင့် ဘောလုံးပွဲ ရပ်နားလိုက်ရတယ် လို့ ဒေးလီးမယ်ရာသတင်းမှာ ဖော်ပြထားပါတယ်။
ဂျာမန်ဘွန်ဒက်စ်လီဂါ-၂ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကိုင်ဇာစလော့တန်နဲ့ ဒမ်စတက်အသင်းတို့ပွဲစဉ်မှာ ကိုင်ဇာစလော့တန် နည်းပြ ဂျက်ဖ် စထရက်ဆာဟာ ပွဲချိန်ပထမပိုင်းအပြီး ရုတ်တရက် နှလုံးဖောက်လာခဲ့တာဖြစ်ပါတယ်။
အသက် ၄၃ နှစ်အရွယ်ရှိ စထရက်ဆာကို ဆေးရုံချက်ချင်းပို့ဆောင်ခဲ့ရပြီး ဒမ်စတက်ကွင်းမှာကစားတဲ့ အဲဒီပွဲကိုလည်း ရွှေ့ဆိုင်း လိုက်ရပါတယ်။