

အမေရိကန်နိုင်ငံ ချီကာဂိုမြို့အခြေစိုက် Yolk ဟာ iPhone တွေကို နှစ်နာရီအတွင်း အားအပြည့်သွင်း ပေးနိုင်မယ့် Solar Paper ကို ဖန်တီးထားပါတယ်။ အဲဒီ Solar Paper ဟာ အလွန်ပါးလွှာပေါ့ပါးတဲ့ panel ဖြစ်ပြီး စွမ်းအင်ပမာဏကို မြှင့်တင်ရန်အတွက် panel တွေကို ပေါင်းစပ်ထားနိုင်ပါတယ်။ Solar Paper ကို Kickstarter မှာ ကန်ဒေါ်လာ တစ်သန်းကျော်ရအောင် ရန်ပုံငွေ စုဆောင်းနိုင်ခဲ့ပြီး အခုဆိုရင် တစ်ကမ္ဘာလုံးကို တင်ပို့ရောင်းချနေပါပြီ။









