
Blu ဟာ Mid-range စမတ်ဖုန်းတွေကို ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ Brand တစ်ခုပါ။ Blu အနေနဲ့ ယခုအခါမှာတော့ သူတို့ရဲ့ ပထမမဆုံး 18:9 မျက်နှာပြင်နဲ့ ဟန်းဆက်ကို ထုတ်လုပ်ခဲ့ပြီး မျက်နှာပြင်ကြီး Trend ထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။

Blu ဟာ Mid-range စမတ်ဖုန်းတွေကို ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ Brand တစ်ခုပါ။ Blu အနေနဲ့ ယခုအခါမှာတော့ သူတို့ရဲ့ ပထမမဆုံး 18:9 မျက်နှာပြင်နဲ့ ဟန်းဆက်ကို ထုတ်လုပ်ခဲ့ပြီး မျက်နှာပြင်ကြီး Trend ထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။

စတုတ္ထမြောက်အော်ပရေတာ Mytel အနေနဲ့ ဆေးရုံနဲ့သာသနာရေးရာအဆောက်အဦတွေမှာ အခမဲ့အင်တာနက် တပ်ဆင်သွားမယ်လို့ သိရပါတယ်။ ကျောင်းတွေမှာ အခမဲ့အင်တာနက်စနစ် တပ်ဆင်မယ့်အပြင် ဆေးရုံနဲ့ သာသနာရေးရာအဆောက်အဦ တွေမှာ တပ်ဆင်မယ်လို့ပြောကြားလိုက်တာဖြစ်ပါတယ်။
လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်မှုအနေနဲ့ အဲဒီလုပ်ငန်းကိုဦးစားပေး ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ဖို့ ကျောင်းတွေ၊ ဆေးရုံတွေ၊ သာသနာရေးဆိုင်ရာ အဆောက်အဦး တွေနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ရုံးတွေမှာ အခမဲ့အင်တာနက်ဝန်ဆောင်မှု တပ်ဆင်ပေးတာတွေကို ဆောင်ရွက်သွားမယ် လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

MEIZU မှ ဘေးဘောင်မှာ Fingerprint နည်းပညာ ထည့်သွင်းအသုံးပြုထားတဲ့ တန်ဖိုးနည်း စမတ်ဖုန်း M6S ကို ဇန်နဝါရီလ ၁၇ ရက်က တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ National Convention Center မှာ မိတ်ဆက်ပြသ ခဲ့ပါတယ်။

Remax မှထုတ်လုပ်ထားတဲ့ Rexbook Notebook တွေကို ၂၀၁၈ သုံးလပတ်မှာ ပြည်တွင်းဈေးကွက်ထဲကို တင်သွင်းရောင်းချသွားမယ်လို့ Remax Myanmar က အရောင်းမန်နေဂျာဖြစ်တဲ့ မနန္ဒာအောင်က ပြောပါ တယ်။
“ရိုးရိုး emax Rexbook Notebook နဲ့ Rexbook S Notebook မော်ဒယ်နှစ်မျိုးကို ပြည်တွင်းဈေးကွက်ထဲကို ဖြန့်သွားမှာပါ။ ဈေးနှုန်းတွေကတော့ Rexbook Notebook ကို ခြောက်သိန်းကျော်နဲ့ Rexbook S Notebook ကိုတော့ ရှစ်သိန်းကျော်နဲ့ ရောင်းချသွားမှာပါ” လို့လည်းပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က Apple Watch, Fitbit Ionic တို့နဲ့အပြိုင် Garmin ရဲ့ Vivoactive 3 လည်း ထွက်ရှိလာပါတယ်။ ဒါပေမဲ့ Vivoactive 3 မှာ onboard music storage မပါဝင်ပါဘူး။ အခု CES ပြပွဲမှာ Garmin ဟာ စမတ်ဖုန်းမလိုဘဲ သီချင်းတွေကို သိမ်းဆည်းပြီး နားထောင်နိုင်မယ့် storage ပါဝင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဝတ်ဆင်နိုင်တဲ့ထုတ်ကုန် ဒေါ်လာ ၄၅၀ တန် Forerunner 645 Music ကို မိတ်ဆက်ခဲ့ပါတယ်။

ကြိုးမဲ့ headphone တွေမှာ စိတ်ညစ်ညူးစရာ အဓိကပြဿနာနှစ်ခုရှိပါတယ်။ အဲ့ဒါတွေက ဆူညံသံ တော်တော်များများ ဖြစ်ပေါ်စေတာနဲ့ ဘက်ထရီသက်တမ်း တာရှည်မခံတာ ဖြစ်ပါတယ်း။ Qualcomm အနေနဲ့ အဲဒီပြဿနာကို ချစ်ပ်အသစ်နဲ့ ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။
“ဒါဟာ နားကြပ်ထုတ်ကုန်အမျိုးအစားအတွက် အဆင့်မြှင့်တင်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်”လို့ Qualcomm ရဲ့ Voice and Music လုပ်ငန်းယူနစ်က အကြီးတန်းဒုဥက္ကဋ္ဌနဲ့ အထွေထွေ မန်နေဂျာဖြစ်သူ အန်တိုနီမာရေးက ပြောခဲ့ပါတယ်။

PRICE – 235,000
ဒီဇိုင်း
ပုံစံဒီဇိုင်းကတော့ လှပသေသပ်တဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။ ဘေးဘောင်တွေ ပါးလွှာတဲ့ မျက်နှာပြင်အပြည့် ပုံစံမျိုး တည်ဆောက် ထားတာဖြစ်တဲ့အတွက် မျက်နှာပြင်ကျယ်ဝန်းပါတယ်။ ဖုန်းကိုယ်ထည် ကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ရှေ့မျက်နှာပြင်ပေါ်မှာ ခလုတ်တွေ တစ်မှမပါတဲ့အတွက် Android Button စနစ်တွေကို Touch Screen ပေါ်မှာပဲ အသုံးပြုရမှာပါ။ Fingerprint Sensor ကို ကျောဘက်ကာဗာပေါ်မှာ တပ်ဆင်ပေးထားပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့က e-Learning စနစ်ကို အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။ အဲဒီ e-LS (e-Learning System Portal) ကို မကြာမီ အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) နဲ့အညီ အစိုးရဌာန၊ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေကို ဝန်ဆောင်မှုကောင်း ပိုမိုဆောင်ရွက်ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ e-Government လုပ်ငန်းစဉ်တွေမှာ ပါဝင်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ အိုင်စီလုပ်ငန်းတွေကို လက်ရှိအခြေအနေ ထက်ပိုမိုတိုးတက်ဖွံ့ဖြိုး စေရေးကို စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကပြော ကြားထားပါတယ်။

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MyTel အနေဖြင့် ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆင်းကတ်များ စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် ကွန်ရက် တည်ဆောက်မှု မှာ ရာနှုန်းပြည့် နီးပါးပြီး စီးနေပြီဖြစ်ကြောင်း စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MyTel ကုမ္ပဏီမှ သိရသည်။


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)သည် ပိုမိုဖြတ် တောက်ထားသော ဖုန်းအသုံးပြုခများကို သုံးစွဲသူများထံ ပြန်လည်ဖြည့်ပေးရန် စိစစ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ကပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖုန်းအော်ပရေတာအဖြစ် MPT၊ တယ်လီနော၊ အူရီးဒူးတို့က ဆောင်ရွက်နေပြီး MPT ဖုန်းသုံးစွဲသူများကို အသုံးပြုခ ကျသင့်သည်ထက် ပိုမိုဖြတ်တောက်နေ ၍ သုံးစွဲသူများ၏ တင်ပြချက်များကို စိစစ်နေကြောင်း ဝန်ကြီးကပြောသည်။