
လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ သူဌေး အီလွန်မာ့စ် က အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၅ ဘီလီယံ တန်ဖိုးရှိ ရှယ်ယာ ၁၉ ဒသမ ၅ သန်းကို ရောင်းချလိုက်ကြောင်းကို အမေရိကန် ဘဏ္ဍာရေး လုပ်ငန်းကြီးကြပ်အဖွဲ့ရဲ့ စာရင်းတွေ အရ သိရပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်က တွစ်တာ ကို အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ နဲ့ ဝယ်ယူလိုက်ပြီး သီတင်း နှစ်ပတ် မပြည့်သေးခင်မှာ ခုလို ရောင်းချမှု ဖြစ်ပေါ်လာတာပါ။









