
Khabane Khaby Lame ဟာ ကမ္ဘာမှာ TikTok Follower အများဆုံး ရထားသူ ဖြစ်ပြီး TikTok Follower ၁၄၉.၅ သန်း ရှိပါတယ်။ အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးပေမယ့် TikTok မှာ သူ့ရဲ့ အောင်မြင်မှုက အံ့မခန်း ဖြစ်ပါတယ်။

Khabane Khaby Lame ဟာ ကမ္ဘာမှာ TikTok Follower အများဆုံး ရထားသူ ဖြစ်ပြီး TikTok Follower ၁၄၉.၅ သန်း ရှိပါတယ်။ အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးပေမယ့် TikTok မှာ သူ့ရဲ့ အောင်မြင်မှုက အံ့မခန်း ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး အင်ဂျင်လေးလုံးတပ် မောင်းသူမဲ့ ဒရုန်းလေယာဉ်ဖြစ်သည့် Scorpion D လေယာဉ်၏ ပထမဆုံးပျံသန်းမှု မကြာမီရက်ပိုင်းအတွင်းက အောင်မြင်စွာပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ Sichuan Tengden Sci-Tech Innovation ကုမ္ပဏီမှ ထုတ်လုပ်ထားသော အဆိုပါ မောင်းသူမဲ့ ဒရုန်းအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ Zigong Fengming အထွေထွေလေဆိပ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က ပထမဆုံးပျံသန်းမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Stanford University ရဲ့ SLAC National Accelerator Laboratory က Legacy Survey of Space and Time (LSST) ကင်မရာကို ဖန်တီးထားပြီး ညဘက်ကောင်းကင်ယံရဲ့ ရုပ်ပုံတွေကို ဖမ်းယူဖို့ ရည်ရွယ် တည်ဆောက်ထားတာပါ။

ကမ္ဘာ့ဈေးအကြီးဆုံးစက်ရုပ်တစ်ရုပ်လည်းဖြစ်တဲ့၊ အသက်အရှိဆုံးစက်ရုပ်တွေထဲက တစ်ခုလည်းဖြစ်တဲ့ စက်ရုပ်တစ်ရုပ်က လူသားတွေကို ပြုံးပြပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခဲ့တာက ကြက်သီးထစရာ အခိုက်အတန့်ပါပဲ။ အဲဒီစက်ရုပ်က အေမီကာ အမည်ရပြီး ဒူဘိုင်းမြို့က Museum of the Future ပြတိုက်မှာ လူသားတွေနဲ့အပြန်အလှန်ပြောဆိုဆက်ဆံခဲ့တာပါ။

ရေချိုးခန်းနဲ့ မီးဖိုချောင်ဆိုင်ရာ တီထွင်ဖန်တီးမှုတွေ လုပ်ခဲ့တဲ့ ဂျပန်နည်းပညာကုမ္ပဏီ Science Co. Ltd က လူသားတွေကို အလိုအလျောက် ရေချိုးပေးမယ့် ရေချိုးစက် တီထွင်နေပါတယ်။ Project Usoyaro လို့ အမည်ပေးထားတဲ့ စီမံကိန်းအရ ၂၀၂၄ ခုနှစ်မှာ လက်တွေ့အသုံးပြုနိုင်တဲ့ ရေချိုးစက် ဖန်တီးပြီး ၂၀၂၅ ခုနှစ် အိုဆာကာကုန်စည်ပြပွဲမှာ ခင်းကျင်းပြသသွားဖို့ မျှော်မှန်းထားပါတယ်။

တိုယိုတာသည် BYD Co ဘက္ထရီများဖြင့် မောင်းနှင်မည့် လျှပ်စစ်ကားအသေးစားကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း တနင်္လာနေ့က ကြေငြာခဲ့သည်။
ယခုထုတ်လုပ်မည့်ယာဉ်အား တိုယိုတာ bZ3 ဟုခေါ်မည်ဖြစ်ကြောင်း ဂျပန်ကားထုတ်လုပ်ရေးကပြောကြားခဲ့ပြီး အရောင်းပြခန်းများ၌ မည်သည့်အချိန်တွင် ရောင်းချမည်ကို ပြောကြားခြင်းမရှိခဲ့ပေ။
ယခုထုတ်လုပ်မှုကို တိုယိုတာက ပြုလုပ်ပြီး ဘက္ထရီလျှပ်စစ်ကားများဖြစ်သည့် Beyond Zero (bZ) စီးရီးသစ်မှ ဒုတိယမော်ဒယ်အမျိုးအစားဖြစ်ကြောင်းသိရှိရသည်။

ဂိမ်း ကစားလို့ကောင်းအောင် ဖန်တီးထားတဲ့ Gaming စမတ်ဖုန်းတွေအပြင် အခုဆိုရင် Gaming TV တွေပါ ထွက်ပေါ်လာပါပြီ။ Xiaomi က Redmi Gaming TV X Pro ကို ကြေညာလိုက်ပြီး ၆၅ လက်မနဲ့ ၇၅ လက်မ ၂ မျိုး ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းက ၄၁၄ ဒေါ်လာနဲ့ ၅၉၅ ဒေါ်လာ အသီးသီး ရှိပါတယ်။

NASA Institute for Advanced Concepts (NIAC) က အာကာသယာဉ် နည်းပညာ အသစ် ၂ ခုကို ဖန်တီးနေပါတယ်။ Ion Drives အသစ်ဟာ စွမ်းဆောင်ရည် အပိုင်းမှာ ၁၀ ဆ ပိုကောင်းပြီး စွမ်းအင်ဟာ အဆ ၁ ထောင် ပိုမြင့်မားပါတယ်။ အဲဒီအတွက် NASA ရဲ့ အနာဂတ် အာကာသယာဉ်ဟာ ၁ နာရီ မိုင် ၁ သန်း အမြန်နှုန်းနဲ့ အာကာသမှာ ခရီးသွားနိုင်မှာပါ။

4G ၊ 5G နည်းပညာဆိုင်ရာ တီထွင်မှုမူပိုင်ခွင့်တွေ ချိုးဖောက်မှုနဲ့ပတ်သက်ပြီး ဂျာမနီဒေသဆိုင်ရာ တရားရုံးမှာ အနိုင်ရခဲ့ပြီးနောက် ဖင်လန်နည်းပညာကုမ္ပဏီ Nokia က တရုတ်စီးပွားရေးလုပ်ငန်းစု BBK electronics နဲ့ လက်အောက်ခံ စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Oppo ၊ OnePlus တို့ကို တခြားဈေးကွက်တွေမှာပါ တရားစွဲဆိုဖို့ ပြင်ဆင်နေပါပြီ။