
တရုတ်နိုင်ငံ ရှန်ဟိုင်းအခြေစိုက် လေကြောင်းပျံသန်းရေးစက်ရုံတစ်ရုံမှ ထုတ်လုပ်လိုက်သော လျှပ်စစ်အင်အားသုံး မောင်းသူမဲ့ ဒေါင်လိုက်တက်ဆင်း(eVTOL) လေယာဉ်တစ်စင်းသည် ဘက်ထရီအားတစ်ကြိမ်သွင်းထားလျှင် ၂၅၀ ဒသမ ၃ ကီလိုမီတာအကွာအဝေးအထိ ပျံသန်းနိုင်သဖြင့် ကမ္ဘာ့စံချိန်တင်သွားသည်။
ယင်းလေယာဉ်သည် ခရီးသည် ၄ ဦးကိုတင်ဆောင်နိုင်သော မောင်းနှင်သူမလိုသည့် သူ့အလိုအလျောက် ထိန်းကျောင်း ပျံသန်းသော လေယာဉ်ဖြစ်ပြီး၊ လေယာဉ်တက္ကစီအဖြစ် အသုံးပြုရန်ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်သည်။









