
မက္ကဆီကိုအစိုးရဟာ နိုင်ငံတောင်ပိုင်းက ဂွါတီမာလာနဲ့နယ်စပ်မှာ ရွှေ့ပြောင်းဒုက္ခသည်တွေ ဝင်ရောက်မှုကို တင်းကျပ်လိုက်ပါတယ်။ အမေရိကန်ကို ဦးတည် ခရီးနှင်လာတဲ့ နေရပ်ရွှေ့ပြောင်းသူတွေ စီးဝင်တာကို ထိန်းချုပ်ပေးမယ်ဆိုရင် အမေရိကန်က မက္ကဆီကို သွင်းကုန်တွေအပေါ်မှာ အခွန် ၅ ရာခိုင်နှုန်း တိုးမြှင့်စည်းကြပ်တာကို ဖြေလျော့ပေးမယ့် သဘာတူညီချက် တစိတ်တပိုင်းအရ မက္ကဆီကို အစိုးရက အခုလို တင်းကျပ်လိုက်တာပါ။ ဇွန်လ ၁၂ ရက်နေ့က မက္ကဆီကိုတောင်ပိုင်း ချီယာပက်စ်ပြည်နယ်က အဝေးပြေးလမ်းမ တလျှောက်မှာ အမျိုးသား လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ စစ်သားတွေက ယာဉ်အဝင်အထွက်တွေကို စစ်ဆေးနေကြပါတယ်။ အဲဒီအချိန်မှာပဲ အနားက လူဝင်မှုကြီးကြပ်ရေးရုံး အပြင်ဘက်မှာ မက္ကဆီကိုနိုင်ငံကို ပြည်ဝင်ခွင့်လျှောက်ဖို့ နေရပ်ရွှေ့ပြောင်းသူတွေ အုပ်စုလိုက် တန်းစီနေကြပါတယ်။









