
ရှရှား က ဓါတ်ငွေ့ ပေးပို့တာတွေကို လျှော့ချလိုက်လို့ ရုရှားဆီက ဓာတ်ငွေကို အများဆုံး ဝယ်ယူနေကြတဲ့ ဥရောပနိုင်ငံတွေ က တခြားလောင်စာအရင်းအမြစ်တွေကို အပူတပြင်း စတင်ရှာဖွေနေကြပြီး ကျောက်မီးသွေးဆီ ပြန်လည်ဦးလှည့်ရဖွယ် ရှိနေပါတယ်။ အကယ်၍သာ ပြန်ပြီး မဖြည့်တင်းခဲ့ရင် သူတို့အနေနဲ့ ဆောင်းရာသီမှာ စွမ်းအင် အကျပ်အတည်းနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။









