
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဒေသတွင်းရှိ တက္ကသိုလ်တစ်ခု၏ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဇူလိုင် ၂၄ ရက်က သေနတ်ပစ်မှုတစ်ခုဖြစ်ပွားရာ မြို့တော်၀န်ဟောင်းတစ်ဦးအပါအ၀င် လူ၃ ဦးသေဆုံးပြီး အခြားသူ ၂ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းသေနတ်ပစ်မှုသည် ဖိလစ်ပိုင်တောင်ပိုင်း Lamitan မြို့တော်၀န်ဟောင်း Rose Furigay ကို ပစ်မှတ်ထားပြီး လုပ်ကြံမှုဖြစ်ဟန်တူကြောင်း Quezon မြို့တော် ရဲချုပ် Remus Medina ကပြောသည်။သေနတ်သမားမှာ ဖမ်းဆီးရမိထားပြီး စစ်ဆေးမေးမြန်းနေကြောင်း သူကပြောသည်။








