
ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ယူကရိန်းရဲ့ သီးနှံတွေ တင်ပို့တာကို ခွင့်ပြုဖို့ ရုရှားက သဘောတူလိုက်လို့ စီးပွားရေး ဖိအားတွေလျော့ကျလာမယ်လို့ မျှော်လင့်နေကြချိန်မှာပဲ ယူကရိန်းကို ထောက်ခံတဲ့ နိုင်ငံတွေကို ထိုးနှက်မှုအဖြစ် ဥရောပကို ဓာတ်ငွေ့ပေးပို့မှုကို လျှော့ချသွားမယ်လို့ ရုရှားက ပြောကြားပါတယ်။သီတင်းပတ်ကုန်ရက်တွေက ယူကရိန်း အိုဒက်ဆာဆိပ်ကမ်းကို ရုရှားဒုံးကျည် တိုက်ခိုက်မှု ရှိခဲ့ပေမယ့် သောကြာနေ့က သဘောတူညီချက်ရပြီးနောက် ရက်အနည်းငယ်အတွင်း ယူကရိန်း ကုန်စည်သင်္ဘောတွေ စတင်ထွက်ခွာမယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။








