
ရုရှားနဲ့ တင်းမာမှုတွေရှိနေချိန်မှာ လက်နက်တင်သွင်းတာတွေ တိုးမြှင့်ဖို့ ဝါဆော က သဘောတူညီခဲ့ပြီးနောက်မှာ တင့်ကားနဲ့ ဟောင်ဝစ်ဇာ အမြှောက်တွေ တင်ပို့ဖို့ ကန်ဒေါ်လာ ၅ ဒသမ ၇၆ သန်းတန်ဖိုးရှိတဲ့ စာချုပ်တစ်ရပ်ကို တောင်ကိုရီးယားကုမ္ပဏီနှစ်ခုက ပိုလန်နဲ့စာချုပ်ချုပ်လိုက်ပါတယ်။
ပိုလန်နိုင်ငံမှာ လက်မှတ်ထိုးခဲ့တဲ့စာချုပ်က တောင်ကိုရီးယားရဲ့ အကြီးဆုံးလက်နက်ရောင်းဝယ်ရေး သဘောတူညီမှု တစ်ရပ်ဖြစ်ပြီး ပိုလန်ကလည်း အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ သူတို့ စစ်ဖက်ကို တောင့်တင်းအောင်လုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။









