
ရုရှားနိုင်ငံ၏သမ္မတ ဗလာဒီမာပူတင်သည် အာရှအလယ်ပိုင်းရှိယခင် ဆိုဗီယက်နိုင်ငံငယ်နှစ်ခုသို့ ယခုအပတ်အတွင်း သွားရောက်မည်ဖြစ်ကြောင်း ရုရှားရုပ်သံမီဒီယာများက တနင်္ဂနွေနေ့တွင်ကြေငြာခဲ့သည်။ယခုခရီးစဉ်သည် ရုရှား – ယူကရိန်းစစ်စတင်ချိန်မှစ၍ ပထမဆုံးတရားဝင်ကြေငြာကာသွားရောက်သောခရီးစဉ်ဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တာဂျစ်ကစ္စတန်နှင့် တာခ့်မင်နစ္စတန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကာ ထိုမှတစ်ဆင့် အင်ဒိုသမ္မတနှင့်မော်စကိုတွင်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟုသတင်းများကဆိုသည်။
ရုရှား၏မဟာမိတ်တစ်ဦးဖြစ်ပြီး ယခင်ဆိုဗီယက်နိုင်ငံတစ်ခု၏ သက်တမ်းအရှည်ဆုံးအုပ်ချုပ်သူဖြစ်သည့် တာဂျစ်သမ္မတမစ္စတာ Imomali Rakhmon နှင့်တာဂျစ်ကစ္စတန်၏မြို့တော် ဒူရှန်ဘဲတွင် သမ္မတပူတင်က သွားရောက် တွေ့ဆုံမည်ဖြစ်သည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်