
အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘဲနက် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက် ထပ်ကျင်းပဖို့ တနင်္လာနေ့က သဘောတူလိုက်ပါတယ်။ ဒီရွေးကောက်ပွဲဟာ သုံးနှစ်အတွင်း ငါးကြိမ်မြောက် ကျင်းပရတဲ့ ရွေးကောက်ပွဲဖြစ်လာမှာပါ။ ဆောင်းဦးပေါက်မှာ ကျင်းပဖွယ်ရှိနေတဲ့ ဒီရွေးကောက် ပွဲကနေ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု ဦးဆောင်တဲ့ ဘာသာရေးအားသန်တဲ့ အမျိုးသားရေးဝါဒီအစိုးရ တစ်ကျော့ပြန်လာနိုင်သလို နိုင်ငံရေး မတည်ငြိမ်တဲ့ အခြေအနေတစ်ရပ် ပေါ်ပေါက်လာနိုင်ဖွယ်ရှိနေပါတယ်။









