
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖုခုအိုခါ့မြို့မှာ စက်တင်ဘာ ၆ ရက် အစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဟင်နမ်နော်ကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁၀၀ ကျော် ဖျက်သိမ်းခဲ့ပြီး ရထားဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားရပါတယ်။
ဒေသစံတော်ချိန် မနက် ၅ နာရီအထိ အနည်းဆုံး လေယာဉ်ခရီးစဉ် ၁၂၄ ခုကို ဖျက်သိမ်းခဲ့ရတာပါ။ ဟာခါ့တာ့နဲ့ ခုမာ့မိုတို ဘူတာတွေကြားမှာ ပြေးဆွဲနေတဲ့ ကျည်ဆန်ရထားလိုင်းတွေကို ရပ်ဆိုင်းထားတယ်လို့ အများပိုင်ရုပ်သံလိုင်း NHK က ပြောပါတယ်။









