
မကြာသေးမီ ရက်အတွင်းက ရုရှားသမ္မတပူတင်ကို ရာထူးမှအနားယူရန် တောင်းဆိုခဲ့ကြသည့် စိန့်ပီတာစဘတ် ဒေသခံ နိုင်ငံရေးသမားများအုပ်စုသည် ယင်းတို့အား တရားသူကြီးက အင်္ဂါနေ့တွင် စီရင်ချက်အသီးသီး ချမှတ်ခဲ့ပြီးနောက် သူတို့၏ ခရိုင်ကောင်စီကို ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း ယင်းတို့အနက်မှ တစ်ဦးဖြစ်သူ Nikita Yuferev က ပြောသည်။ ယခင်က ပြုလုပ်ခဲ့သော ကောင်စီအစည်းအဝေးများမှာလည်း တရားမဝင်ကြောင်း တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။









