
ထိုင်ဝမ်ကျွန်း၌ ယမန်နေ့က လူတစ်ဦးသေဆုံးပြီး လူ ၁၅၀ ခန့်ဒဏ်ရာရခဲ့သည့် ထိတ်လန့်ဖွယ် ငလျင် လှုပ်ခတ်ပြီးနောက် စက်တင်ဘာ ၁၉ ရက် တွင် ၅ ဒသမ ၅ မဂ္ဂနီကျု့အဆင့်အပါအဝင် နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်ခဲ့ပြီး မြို့တော်တိုင်ပေ၌ပါခံစားခဲ့ရသည်။

ထိုင်ဝမ်ကျွန်း၌ ယမန်နေ့က လူတစ်ဦးသေဆုံးပြီး လူ ၁၅၀ ခန့်ဒဏ်ရာရခဲ့သည့် ထိတ်လန့်ဖွယ် ငလျင် လှုပ်ခတ်ပြီးနောက် စက်တင်ဘာ ၁၉ ရက် တွင် ၅ ဒသမ ၅ မဂ္ဂနီကျု့အဆင့်အပါအဝင် နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်ခဲ့ပြီး မြို့တော်တိုင်ပေ၌ပါခံစားခဲ့ရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်က ထိုင်ဝမ်ကိုကျူးကျော်လာလျှင်ထိုင်ဝမ်ကိုအမေရိကန်တပ်ဖွဲ့များက ခုခံကာကွယ်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ယခုအချိန်အထိ အဆိုပါကိစ္စနှင့်ပတ်သက်၍ အရှင်းလင်းဆုံး ပြောကြားလိုက်သည့်ယခုထုတ်ပြန်ချက်သည် ပေကျင်းကိုဒေါသထွက်စေမည့်အရာတစ်ခုလည်းဖြစ်သည်။
စက်တင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့ကထုတ်လွှင့်သည့် CBS နှင့်အင်တာဗျူးတစ်ခု၌ အမေရိကအနေဖြင့် တရုတ်က၎င်း၏ပိုင်နက်ဟု ယူဆထားသောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်ကျွန်းအား မကြုံဖူးသည့်တိုက်ခိုက်မှုမျိုး တစ်ခုခုလုပ်ပါက အမေရိကန်တပ်များကကာကွယ် ပေးမည်ဟု ကန်သမ္မတကပြောကြားခဲ့သည်။

အလွန်ပြင်းထန်သော စူပါတိုင်ဖွန်းမုန်တိုင်း နန်မာဒိုလ်(Nanmadol) သည် ဂျပန်နိုင်ငံ အနောက်မြောက်ပိုင်း ကျူးရှူးကျွန်းကို တနင်္ဂနွေနေ့ ညကတည်းက ဝင်ရောက်တိုက်ခတ်လျှက်ရှိသဖြင့် မုန်တိုင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့အား ရှောင်ရှားကြရန်အတွက် သန်းနှင့်ချီသော ဒေသခံပြည်သူများအနေဖြင့် မိမိတိုနေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာတွင် နေထိုင်ကြရန် ဒေသတာဝန်ရှိသူတို့က တိုက်တွန်းထားသည်။
ယင်းမုန်တိုင်းသည် ဂျပန်စံတော်ချိန် တနင်္ဂနွေနေ့ည ၇ နာရီခန့်က စတင်၍ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်နေခြင်းဖြစ်ကြောင်း၊ ဂျပန်မိုးလေဝသဌာနက ကြေညာထားသည်။

တရုတ်(တိုင်ပေ)အရှေ့တောင်ပိုင်းက လူနေကျဲပါးတဲ့နေရာမှာ စက်တင်ဘာ(၁၈)ရက်က ပြင်းအားမဂ္ဂနီကျု ၆ဒသမ၈အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ တရုတ်(တိုင်ပေ) မိုးလေဝသဗျူရိုရဲ့ ပြောကြားချက်ကို ကိုးကားပြီး CNA သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီငလျင်ကြောင့် ရထားတွဲတချို့လမ်းချော်ပြီး စတိုးဆိုင်တစ်ဆိုင်ပြိုကျကာ တောင်တစ်လုံးပေါ်မှာလည်း လူတွေပိတ်မိနေတယ်လို့ ဆိုပါတယ်။
ငလျင်ရဲ့ ဗဟိုချက်က တိုင်တောင်ခရိုင်မှာရှိပြီး စနေနေ့ညနေက အဲ့ဒီဒေသမှာပဲလှုပ်ခတ်ခဲ့တဲ့ ပြင်းအားမဂ္ဂနီကျု ၆ဒသမ၄အဆင့်ရှိတဲ့ ငလျင်ရဲ့ နောက်ဆက်တွဲငလျင်အဖြစ် လှုပ်ခတ်ခဲ့တာဖြစ်သလို လူအသေအပျောက်မရှိခဲ့ဘူးလို့ မိုးလေဝသဗျူရိုက ပြောပါတယ်။

ပါကစ္စတန်ဆိုင်ရာ ကုလကိုယ္စားလွယ္က ပါကစ္စတန်ရေးဘေးကယ်ဆယ်ရေးအတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေက အမေရိကန်ဒေါ်လာ သန်း ၁၅၀ ထည့်ဝင်လှူဒါန်းဖို့ ကတိပြုထားကြတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ အဲဒီကတိကဝတ်တွေကို နိုင်ငံတကာအန်ဂျီအို၊ ပြည်တွင်းအန်ဂျီအိုနဲ့ ကုလအေဂျင်စီတွေရဲ့ တရားဝင် သဘောတူညီချက်အဖြစ် အကောင်အထည်ဖော်ပြီး ပြည်သူတွေအတွက် အကူအညီပေးရေး ပစ္စည်းတွေအဖြစ် အမြန်ပေးအပ်နိုင်ဖို ဆောင်ရွက်ရမယ်လို့လည်း သူကပြောပါတယ်။

ရက်အတန်ကြာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နယ်စပ်ဒေသမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အငြင်းပွားနေတဲ့ နှစ်နိုင်ငံနယ်စပ်မှာ တနင်္လာညကစပြီး တိုက်ပွဲပြင်းထန်ခဲ့သလို အာမေးနီးယားတပ်ဖွဲဝင် ၁၀၀ ကျော် သေဆုံးခဲ့တယ်လို အာမေးနီးယားဝန်ကြီးချုပ် နီကိုးပါရှင်ယန် က ဆိုပါတယ်။

ဆမားကန်ဒ်၊စက်တင်ဘာ ၁၅
ယူကရိန်းစစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှီနှင့်ပူတင်တို ကြာသပတေးနေ့တွင်တွေ့ဆုံကြသည်။ ခေါင်းဆောင်နှစ်ဦးသည် ဥဇဘက်ကစ္စတန်နိုင်ငံ ရှေးဟောင်း ပိုးလမ်းမ မြိုတော် Samarkand ၌ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) အစည်းအဝေး တက်ရောက်ရန် ရောက်ရှိ နေကြခြင်းဖြစ်သည်။
ယူကရိန်းနှင့် စစ်ပွဲကြောင့် ပူတင်နှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးပျက်သွားခဲ့သလိုတိုင်ပေကိစ္စကြောင့် အမေရိကန်၊ဥရောပ မဟာမိတ်များနှင့် ရှီကလည်းထိပ်တိုက်တွေ့ နေသည်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ တနှစ်တာအတွင်း အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်ဒ်ပေါင်း ၂,၈၀၀ ကျော်ကို ဖြိုခွင်းပိတ်သိမ်းခဲ့ရတယ်လို့ ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ အများသူငါနဲ့ လူငယ်တွေအပေါ် အွန်လိုင်းလောင်းကစားရဲ့ ဆိုးကျိုးသက်ရောက်စေမှုကို တားဆီးကာကွယ်ရေးကမ်ပိန်း အနေနဲ့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အပါအဝင် ဝန်ကြီးဌာနက တွဲဖက် ဆောင်ရွက်ခဲ့တာလို့ ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ချိုင်ဝပ် သနာကမ်မနူဆွန်က ပြောပါတယ်။

တရုတ်နိုင်ငံ အမျိုးသား စူးစမ်းလေ့လာရေးဌာနကမုန်တိုင်း အနီရောင်သတိပေးချက်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ တိုင်ဖွန်း Muifa သည် ထိုနေ့၌ ကုန်းတွင်းပိုင်းသို့ နှစ်ကြိမ်ဝင်ရောက်မည်ဟု ခန့်မှန်းထားသောကြောင့် သတိပေးချက်အဆင့်ပြင်းထန်ရခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စုမှာ အကောင်းဆုံး ရုပ်သံဇာတ်လမ်း ဖန်တီးမှုတွေအတွက် နှစ်စဉ်ကျင်းပနေကျ Emmy ဆုပေးပွဲမှာ တောင်ကိုရီးယားက ‘Squid Game’ ရုပ်သံဇာတ်လမ်းတွဲက ထူးထူးခြားခြား ဆုတွေ ရသွားပါတယ်။အခုလို ဆုချီးမြှင့်ပွဲကို ဆိုးလ်မြို့တော် ဘူတာရုံမှာ ကိုရီးယားတွေ ဝိုင်းအုံကြည့်ရှုပြီး ဝမ်းသာအားရ အားပေးခဲ့ကြပါတယ်။