အိန္ဒိယမှာ တောင်ပေါ်လူမျိုးစုနွယ်ဝင် အမျိုးသမီး ပထမဆုံး သမ္မတဖြစ်လာ

အိန္ဒိယနိုင်ငံရဲ့ သမ္မတသစ်အဖြစ် ကျောင်းဆရာမကနေ နိုင်ငံရေးလောကထဲ ဝင်လာတဲ့ ပထမဆုံး တောင်ပေါ်လူမျိုးစုအနွယ်ဝင် အမျိုးသမီး Droupadi Murmu ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုပါတယ်။အိန္ဒိယမှာ သမ္မတရာထူးဟာ အာဏာထက် နိုင်ငံ့ခေါင်းဆောင်အဖြစ် ပွဲတက်သင်္ကေတ သဘောသာ ဆောင်ပေမဲ့လည်း Droupadi Murmu သမ္မတဖြစ်လာတာဟာ အိန္ဒိယမှာ အလေးထားမခံရတဲ့ တိုင်းရင်းသားလူမျိုးစု အသိုက်အဝန်း အတွက် အောင်မြင်မှု သင်္ကေတဖြစ်နေပါတယ်။

ဖိလစ်ပိုင်တွင် သေနတ်ပစ်မှုတစ်ခုဖြစ်ပွားရာ မြို့တော်၀န်ဟောင်းတစ်ဦးအပါအ၀င် ၃ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဒေသတွင်းရှိ တက္ကသိုလ်တစ်ခု၏ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဇူလိုင် ၂၄ ရက်က သေနတ်ပစ်မှုတစ်ခုဖြစ်ပွားရာ မြို့တော်၀န်ဟောင်းတစ်ဦးအပါအ၀င် လူ၃ ဦးသေဆုံးပြီး အခြားသူ ၂ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းသေနတ်ပစ်မှုသည် ဖိလစ်ပိုင်တောင်ပိုင်း Lamitan မြို့တော်၀န်ဟောင်း Rose Furigay ကို ပစ်မှတ်ထားပြီး လုပ်ကြံမှုဖြစ်ဟန်တူကြောင်း Quezon မြို့တော် ရဲချုပ် Remus Medina ကပြောသည်။သေနတ်သမားမှာ ဖမ်းဆီးရမိထားပြီး စစ်ဆေးမေးမြန်းနေကြောင်း သူကပြောသည်။

စင်ကာပူတွင် မျောက်ကျောက်ရောဂါဖြစ်ပွားနေသူ ၆ ဦးတွေ့ရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့အထိ မျောက်ကျောက်ရောဂါဖြစ်ပွားနေသူ အမျိုးသား ၆ ဦးကို စစ်ဆေးတွေ့ရှိထားကြောင်း ကျန်းမာရေး၀န်ကြီးဌာနက ယနေ့ ဇူလိုင် ၂၄ တွင် သတင်းထုတ်ပြန်သည်။

သို့ရာတွင် ယင်းမျောက်ကျောက်ရောဂါကို ကာကွယ်ဟန့်တားရန်အတွက် လက်ရှိအခြေအနေတွင် ကျယ်ကျယ်ပြန့်ပြန့်(သို့)ကြီးကြီးမားမား ကန့်သတ်ချက်များ ပြဌာန်းရန် မလိုအပ်သေးကြောင်း စင်ကာပူရှိ ကျန်းမာရေးကျွမ်းကျင်သူများကပြောသည်။

ရုရှားရဲ့စစ်ရေးရည်မှန်းချက်ကို ချဲ့ထွင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးပြောကြား

ရုရှားနိုင်ငံရဲ့ ယူကရိန်းနဲ့ပတ်သက်တဲ့စစ်ရေးရည်မှန်းချက်ဟာ အနောက်နိုင်ငံတွေရဲ့လုပ်ရပ်ကြောင့် ပြောင်းလဲ သွားခဲ့ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလဗ်ရော့ဗ်က ပြောကြားခဲ့ပါတယ်။ ရုရှားမီဒီယာတွေနဲ့ အင်တာဗျူးခဲ့ရာမှာ ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ထောက်ပံ့နေတဲ့ အနောက်နိုင်ငံတွေကြောင့် ရုရှားရဲ့စစ်ရေးပစ်မှတ်ကို ချဲ့ထွင်သွားမှာဖြစ်ပြီး ယူကရိန်းအရှေ့ပိုင်း နယ်မြေတွေကို ကျော်လွန်သိမ်းပိုက်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းစစ်တပ်အနေနဲ့ လာမယ့်ရက်ပိုင်းမှာ အမေရိကန်လုပ် ဟိုင်းမားစ် (Himars) ဒုံးကျည်စနစ် လေးခုကို ထပ်မံလက်ခံရရှိမှာဖြစ်ပြီး စုစုပေါင်း ၁၆ ခုအထိ အသုံးပြုနိုင်တော့မယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။  တစ်ချိန်တည်းမှာပဲ ယူကရိန်းသမ္မတကတော်အိုလီနာဇီလန်စကီးက လေကြောင်းကာကွယ်ရေးလက်နက်တွေ ပိုမိုထောက်ပံ့ပေးကြဖို့ အမေရိကန်လွှတ်တော်မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။  -Ref:BBC

သမ္မတ ဂျိုးဘိုင်ဒင် COVID-19 ပေါ့စတစ်ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိ

အမေရိကန်သမ္မတ ဂျိူးဘိုင်ဒင်တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း အိမ်ဖြူတော် တာ၀န်ရှိသူက ယနေ့ ဇူလိုင် ၂၁ ရက်တွင် ပြောကြားသည်။ “ဒီနေ့မနက်ဆေးစစ်ရာမှာ သမ္မတ ဘိုင်ဒင်ဟာ ကိုဗစ် ပေါ့စတစ် ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူဟာ ကာကွယ်ဆေးအပြည့်ထိုးပြီးဖြစ်တဲ့အပြင် ထပ်လောင်း ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးဖြစ်ပါတယ်။ ခုအခါမှာတော့ သူဟာ အရမ်ပျော့တဲ့ ရောဂါလက္ခဏာတွေကို ပြသနေပါတယ်”ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးမှူး Karine Jean-Pierre က ပြောသည်။

ရုရှားသမ္မတ ပူတင် တီဟီရန်သို့လည်ပတ်ပြီး အီရန်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေး

ဖေဖော်ဝါရီ ၂၄ မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် သူ့ရဲ့ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တီဟီရန်မြို့မှာ အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါမေနီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။ တီဟီရန်မြို့မှာရောက်ရှိနေချိန်မှာပဲ မစ္စတာ ပူတင်က နေတိုးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တူရကီသမ္မတတေရစ်အာဒိုဂန်နဲ့ တွေ့ဆုံပြီး ယူကရိန်း နှံစားသီးနှံများ ပင်လယ်နက်မှတစ်ဆင့် နိုင်ငံခြားတင်ပို့ရေးနဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်း အရေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဥရောပ အပူလှိုင်း မြောက်ပိုင်းသို့ရောက်လာ

ပြင်းထန်တဲ့ အပူလှိုင်းက မြောက်ပိုင်းကို ရွေ့လျားသွားချိန်မှာပဲ အနောက်ဥရောပမှာ ပူလောင် အိုက်စပ်တဲ့ အပူချိန်တွေနဲ့ ပိုမိုရင်ဆိုင်နေရပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်မှာ အပူချိန် အလွန်ပြင်းထန်နိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားချိန်မှာပဲ စပိန်နိုင်ငံမြောက်ပိုင်းမှာ အပူချိန် ၄၃ ဒီဂရီ ဆဲလ်စီးယက်စ် အထိ ရောက်ရှိခဲ့ပါတယ်။

ကြားနေဝါဒ ကျင့်သုံးသော နို်င်ငံဖြစ်သဖြင့် ယူကရိန်းစစ်ပွဲ၌ ထိခိုက်ဒဏ်ရာရခဲ့သော လူနာများကို ဆွစ်ဇာလန် ဆေးရုံများက လက်မခံဟု ဆွစ်ဇာလန်အစိုးရက ထုတ်ပြန်

ယူကရိန်းတွင် ရုရှားဆင်နွှဲနေသော စစ်ပွဲမှ လူနာများကို ဆွစ်ဇာလန်ဆေးရုံများတွင် ကုသပေးမည်မဟုတ်ဟု ဇူလိုင် ၁၈ ရက်တွင် ဆွစ်ဇာလန်အစိုးရက ထုတ်ပြန်လိုက်ပြီး ယခုကဲ့သို့ ထုတ်ပြန်ရခြင်းမှာ ဆွစ်ဇာလန်စစ်တပ်၏ ကြားနေဝါဒကြောင့်လည်းကောင်း၊ ဒဏ်ရာရသူများထဲတွင် အရပ်သားများကို ခွဲခြားရာ၌ အခက်အခဲများ ရှိခြင်းကြောင့်လည်းကောင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံသား ၆၁ ဦးကို အီရန် ပိတ်ဆို့အရေးယူ

၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေးအတွက် လနှင့်ချီကာဆွေးနွေးမှုများသည် အဆင်မပြေဖြစ်နေချိန်တွင်နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo အပါအဝင် အီရန်အတိုက်အခံအဖွဲ့ကို ကျောထောက်နောက်ခံပြု‌ပေးသည့် အမေရိကန်နိုင်ငံသား ၆၁ ဦးအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားကြောင်း အီရန်က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။