
ပူတင်ရဲ့ ဦးနှောက်လို တင်စားခံရတဲ့ ရုရှားရဲ့ ဩဇာကြီး နိုင်ငံရေးသမားတစ်ယောက်ရဲ့ သမီးဟာ မော်စကို မြိုတော်မှာ ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားပါတယ်။ အသက်၂၉နှစ်အရွယ် ဒါရီယန္ဒူဂီနာ ဆိုသူ အဲဒီအမျိုးသမီးဟာ စနေနေ့ညက သူရဲ့ကားကို မောင်းနှင်နေစဉ်မှာပဲ ကားဗုံးပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ်လို ရုရှားစုံစမ်းစစ်ဆေးရေး ကော်မီတီက ကနဦး သတင်းအချက်အလက်တွေကို ကိုကားပြီး ပြောပါတယ်။









