
ရုရှားနှင့်ယူကရိန်းတို့သည် ခုနစ်လကြာစစ်ပွဲအတွင်း အကြီးမားဆုံးလဲလှယ်မှုတစ်ခုအနေဖြင့် အကျဉ်းသား ၂၀၀ ကို လဲလှယ်ရန် သဘောတူညီခဲ့ကြောင်း တူကီယေးသမ္မတ အာဒိုဂန်ကအမေရိကန်ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။
သမ္မတအာဒိုဂန်သည် လွန်ခဲ့သည့်သီတင်းပတ်က ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဥဇဘက်ကစ္စတန်၌ကျင်းပသည့် ဒေသဆိုင်ရာထိပ်သီးအစည်းအေဝးတွင်ဆွေးနွေးပြီးနောက် ယင်းကြေညာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သမ္မတအာဒိုဂန်သည်လဲလှယ်မှုနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိဘဲအဆိုပါလူများသည် ဓားစာခံများသာဖြစ်သည်ဟုပြောကြားကာ လဲလှယ်မည့်နှစ်နိုင်ငံ၏လက်ထဲတွင် တစ်ဘက်စီ၌အကျဉ်းသားဦးရေ မည်မျှရှိသည်ကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်