
အီရန်တွင် မာဆာ အမ်မီနီအမည်ရှိ လူငယ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရချိန်တွင် သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတစ်ဝန်းတွင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်းခဲ့ရာတွင် သေဆုံးသူ ၃၂၆ ဦး ထက်မနည်းရှိခဲ့သည်ဟု အီရန် လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၁၂ ရက် တွင် အသက်ထုတ်ပြန်ခဲ့သည့် သေဆုံးသူ စာရင်းတွင် ပြောကြားခဲ့သည်။









