ဒါကာမြို့တွင် ဖြစ်ပွားခဲ့သော ကြီးမားသည့် ပစ်ခတ်တိုက် ခိုက်မှုတစ်ခုအတွင်း သေဆုံးသွား သည့် အစ္စလာမ်မစ် အစွန်းရောက်ဟု သံသယရှိသူ ကိုးဦးအနက် တစ်ဦးသည် ဘင်္ဂလားဒေ့ရှ်ဇာတိ အမေရိကန်နိုင်ငံသားဖြစ်ပြီး ယင်းပစ်ခတ်မှုဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားသူတစ်ဦးကို ရဲတပ်ဖွဲ့ က ရှာဖွေနေသည်။
စစ်သွေးကြွများ ပုန်းခိုနေသည့် နေရာတစ်ခုကို အင်္ဂါနံနက်က စီးနင်းရာတွင် သေဆုံးသွားသော လူငယ်စစ်သွေးကြွ ကိုးဦး၌ ရှဟာဇက်ရုဖ်ဆိုသူလည်း တစ်ဦး ပါဝင်ကြောင်း ဒါကာမြို့တော် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာဆူဒါရာမန်က အေအက်ဖ်ပီသတင်းဌာနအား ပြောကြားသည်။









