
ဆီးရီးယားတွင် ရုရှား ရဟတ်ယာဉ်တစ်စီး ဒုံးကျည်ဖြင့် ပစ်ချခံရပြီး လူ ၅ ဦး သေဆုံးသွားကြောင်း ရုရှားအစိုးရက ကြေညာခဲ့သည်။
ဆီးရီးယားတွင် ၂၀၁၅၊ စက်တင်ဘာမှစ၍ လေကြောင်းထိုးစစ်များ စတင်ခဲ့သည့်နောက်ပိုင်း ယခုဖြစ်ရပ်သည် ရုရှားအတွက် အကြီးမားဆုံး ထိခိုက်မှုလည်း ဖြစ်ခဲ့သည်။ ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် Mi-8 ရဟတ်ယာဉ်တစ်စီးသည် အစ်ဒ်လစ်ဘ်ခရိုင်ရှိ အခြေစိုက် စခန်းသို့ ပြန်လာနေစဉ် ပစ်ချခံခဲ့ရကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသည်။ အဆိုပါ ရဟတ်ယာဉ်သည် အေလက်ပိုမြို့သို့ ထောက်ပံ့ရေး ပစ္စည်းများ သွားရောက် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။












