မက္ကစီကို စီးတီး စက်တင်ဘာ ၁
အပူပိုင်းမုန်တိုင်း Hermine သည် သြဂုတ် ၃၁ ရက်က မက္ကဆီ ကိုပင်လယ်ကွေ့၌ ဖွဲ့စည်းဖြစ်ပေါ်ကာ အမေရိကန် နိုင်ငံ ဖလော်ရီဒါ နှင့်ဂျော်ဂျီယာပြည်နယ်များသို့ တိုက်ခတ်နိုင်သည်ဟု မိုးလေ၀သခန့်မှန်းသူများက စက်တင်ဘာ ၁ ရက်က ပြောဆိုလိုက်သည်။

မက္ကစီကို စီးတီး စက်တင်ဘာ ၁
အပူပိုင်းမုန်တိုင်း Hermine သည် သြဂုတ် ၃၁ ရက်က မက္ကဆီ ကိုပင်လယ်ကွေ့၌ ဖွဲ့စည်းဖြစ်ပေါ်ကာ အမေရိကန် နိုင်ငံ ဖလော်ရီဒါ နှင့်ဂျော်ဂျီယာပြည်နယ်များသို့ တိုက်ခတ်နိုင်သည်ဟု မိုးလေ၀သခန့်မှန်းသူများက စက်တင်ဘာ ၁ ရက်က ပြောဆိုလိုက်သည်။

ဆစ်ဒနီ၊ သြဂုတ် ၃၀
သြစတြေးလျဝန်ကြီးချုပ်မယ် ကွန်တန်ဘူးလ်အား လူထုထောက်ခံမှုမှာ အနိမ့်ဆုံးအဆင့်သို့ ကျသွားခဲ့ကြောင်း အင်္ဂါနေ့တွင် ပြုလုပ်သည့် သြစတြေးလျ သတင်းစာ စစ်တမ်းအရ သိရှိရသည်။


ဘရာဇီးလ်နိုင်ငံမှာ သမ္မတသစ် ဖြစ်လာတဲ့ Michel Temer က ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ သူ့နိုင်ငံအတွက် ခေတ်သစ်အစိုးရတရပ်ကို ထူထောင်မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး မကြာခင်မှာပဲ ကတိပေးလိုက်ပါတယ်။
အရင်သမ္မတဟောင်း Dilma Rousseff ကို အစိုးရဘတ်ဂျက်ငွေ ရသုံးစာရင်းဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ ရာထူးကနေ ဖယ်ရှားဖို့ ဘရာဇီးလ် အထက်လွှတ်တော်က ထောက်ခံမဲ ၆၁ မဲ ကန့်ကွက်မဲ ၂၀ နဲ့ မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။

မဲ ခြောက်ထောင် ဝန်းကျင် အသာစီးနဲ့ သမ္မတ ဘွန်ဂိုက အနိုင်ရခဲ့တယ် ဆိုတဲ့ အချက် ဟာ လိမ်ညာ လှည့်ဖျားတာ ဆိုပြီး အတိုက်အခံ တွေက ယူဆ နေပါတယ်။

ပင်လယ်ပြင်ကျွန်းစုများအရေး တရုတ်နှင့် နယ်မြေအငြင်းပွားမှုများ အရှိန်မြင့်လာနေချိန်တွင် သင်္ဘောပစ် ဒုံးလက်နက် စနစ်တစ်ခု ချထားနိုင်ရန် ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက စံချိန်တင်များပြားသည့် အသုံးစရိတ်တစ်ရပ်ကို တောင်းခံထားသည်။
ဆန်ကာကူကျွန်းစုများက ဂျပန်တို့ဘက်က မှည့်ခေါ်ထားသော အရှေ့တရုတ်ပင်လယ်တွင်းရှိ လူသူမနေသည့် ကျွန်းစုများကို တရုတ်ရန်မှ ကာကွယ်နိုင်ရန် ယခုကဲ့သို့ ရေကြောင်းလက်နက် အင်အားကို တိုးမြင့်နိုင်ရန် ဂျပန်တို့က စီစဉ်လာခြင်းဖြစ်သည်။

ကွာလာလမ်ပူ သြဂုတ် ၃၁
ဘာတူလိုဏ်ဂူများဒေသရှိ ဟိန္ဒူဘာသာ ဝတ်ပြုကျောင်း၊ ရဲဌာနများနှင့်ဖျော်ဖြေရေး ကပွဲရုံများအား တိုက်ခိုက်ရန် စီစဉ်နေသည့် အိုင်အက်စ်စစ်သွေးကြွများဟု သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားကြောင်း မလေးရှား ရဲတပ်ဖွဲ့က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန် ကြေညာသည်။

ပေကျင်း သြဂုတ် ၃၁
အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) အဖွဲ့ဝင်နိုင်ငံဖြစ်ရေး လျှောက်ထားရန် ကနေဒါနိုင်ငံ၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ကြိုဆို ထောက်ခံကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က သြဂုတ် ၃၁ ရက်တွင် ပြောကြားသည်။
ကာဂျစ်စတန်နိုင်ငံ၏ မြို့တော်ဘီရှက်ရှိ တရုတ်သံရုံးဂိတ်ပေါက်ကို အသေခံကားဗုံးခွဲသူတစ်ဦးက ၀င်တိုက်ခဲ့ ပြီးနောက် ယင်းနိုင်ငံတွင်ရှိနေသော တရုတ် နိုင်ငံသားများ ပြင်ပသို့ သွားလာ ခြင်းနှင့် လူထူထပ်သော နေရာများသို့ လည်ပတ်ခြင်းများမှ ရှောင်ရှားကြရန် တရုတ်အစိုးရက အကြံပြုခဲ့သည်။
ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုတွင် တိုက်ခိုက်သူအ ပါအ၀င် အနည်းဆုံး အခြားလူ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းမှာ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ် ဖြစ်သည်ဟု နှစ်နိုင်ငံအရာရှိများက ပြောသည်။
ကုလသမဂ္ဂ၊ သြဂုတ် ၃၀ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတာရီးစ်သည် သြဂုတ် ၂၉ ရက်ကပြုလုပ်သော တတိယအကြိမ်ကောက်ယူသော စစ်တမ်းများအရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နေရာ၌ လူကြိုက်များနေဆဲဟု သိရှိရသည်။ ဂူတာရီးစ်သည် လုံခြုံရေးကောင်စီဝင် ၁၅ ဦး မဲတွင် ၁၁ မဲရရှိခဲ့ပြီး၊ ကန့်ကွက်မဲ သုံးမဲနှင့် ကြားနေမဲ တစ်မဲ တို့ရရှိခဲ့သည်ဟု သိရှိရသည်။


အိုင်အက်စ်၏ အဓိက မဟာဗျူဟာ စစ်ဆင်ရေးမှူးတစ်ဦး အနောက်အုပ်စု မဟာမိတ်များနှင့် တိုက်ပွဲဝင်ရင်း သေဆုံးသွားကြောင်း သိရသည်။
အိုင်အက်စ်ကို လိုလားသည့် မီဒီယာတစ်ခုဖြစ်သော Amaq သတင်းအေဂျင်စီက အဘူမူဟာမက် အယ်လ် အက်ဒ်နာနီသည် အေလက်ပိုတွင် သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့သည်။ အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က အေလက်ပိုအနီးရှိ အယ်လ်ဘက်မြို့တွင် ပြုလုပ်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုတစ်ခု၌ အက်ဒ်နာနီ သေဆုံး ခဲ့ခြင်းဟု ထုတ်ပြန်သည်။